DVB Logo
Home
မြန်မာသတင်း
မကွေးမြို့နယ် နှမ်းတောင်သူများ အရှုံးပေါ်
DVB
·
January 21, 2015
မကွေးမြို့နယ် နှမ်းတောင်သူများ အရှုံးပေါ်
Donate to DVB

မကွေးမြို့နယ်အတွင်းက နှမ်းစိုက်တောင်သူတွေအနေနဲ့ နွေနှမ်းအထွက်နှုန်းနည်းသလို ဈေးနှုန်းလည်း နည်းတဲ့အတွက် အရှုံးပေါ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရာသီက မိုးမကောင်းခဲ့တဲ့အတွက် နှမ်းအထွက်နှုန်း နည်းခဲ့ရတာပါ။ တောင်သူတွေ အနေနဲ့ အထွက်နှုန်းအပြင် ဈေးနှုန်းပါ နည်းခဲ့တာကြောင့် စိုက်ပျိုးစရိတ်နဲ့ လုပ်အားခတွေ အရှုံး ပေါ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

unnamed copyမကွေးတိုင်း ချောင်းမြူကျေးရွာ တောင်သူ ဒေါ်စန်းစန်းအေးက “ကျမတို့ ရာသီမရွေး နှမ်းတွေကတော့ မိုးကလည်း မရွာတော့ မထွက်ကြပါ ဘူး။ ပဲတွေလည်း အခု ရိတ်ကုန်ကြပါပြီ။ ရေတွင်းရှိသလောက်ပဲ သီးနှံလေးတွေ မြင်ရပါတယ်။ စိုက်ပျိုးစရိတ်က စိုက်တဲ့အခါကြတော့ မြေဆီတွေ ဘာတွေ သုံးရတယ်လေ။ မြေဆီဖိုးလည်းမရဘူး၊ လုပ်အားခဖိုး ကျတော့ နွားတရှဉ်းလည်း ၁ သောင်း ပေးရတယ်။ နှမ်းနုတ်လို့ရှိရင်လည်း တနေ့ကို ၂၀၀၀၊ ၂၅၀၀ ပေးရပါတယ်။ အဲဒီစရိတ်တွေနဲ့လည်း မကာမိပါဘူး။ နှမ်းရတာမှ ၁ တင်းခွဲ ၂ တင်းပဲ ရတာ။ ရှုံးတယ် ကျမတို့မှာ အကုန်လုံး ရှုံးကြပါတယ်”လို့ ပြောပါတယ်။

တောင်သူတဦးက “နွေနှမ်း အထွက်နှုန်းက ရာသီဥတု မကောင်းတဲ့အတွက်  နှမ်းအထွက်နှုန်း မကောင်းဘူးပေါ့။ အရင်နှစ်ကထက် မကောင်းပါဘူး” လို့ ဆိုပါတယ်။

မကွေးမြို့က ဖြိုးပွဲရုံပိုင်ရှင် ဦးဖြိုးက အရင်ကထက် နှမ်းဈေးနှုန်းမကောင်းရတာဟာ ထွက်ပေါက်အနေနဲ့ မန္တလေးဈေးကွက်တခုတည်း ရှိတဲ့အတွက် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“မျှော်လင့်ချက်ကတော့ ထားကြည့်ရမှာပဲ။ ရှုံးတာမြတ်တာတော့ မသိဘူး။ လက်ရှိ ဈေးနှုန်းနဲ့ဆိုရင်တော့ ဘယ်လိုမှကို ရောင်းလို့ မကိုက်တာ။ မန္တလေးဘက်မှာက နှမ်း ၃ တင်းကို  ၉၇၀၀၀ ကျပ် ၁ ပတ်လည်လောက်ရှိတယ်ဆိုတော့ ဒီကသွားမယ်ဆိုရင် ဘယ်လိုမှ မကိုက်ဘူး။ ထွက်ပေါက်ကလည်းတခုတည်း၊ အရင်ကဆိုရင် ရန်ကုန်နဲ့ မန္တလေး ပြိုင်ဆွဲနေလို့ရှိရင် တမျိုး ကောင်းတယ်။ အခုဟာက ရန်ကုန်က လုံးလုံး မဆွဲပဲနဲ့ မန္တလေးတခုတည်း ကုန်သည်တွေဆို တော်တော်များများ ဒီနှစ် ရှုံးမယ်။ အရင်ဆို ပြန်ကျ ပြန်တက် အခုဟာက အဲလိုမျိုးမဟုတ်ပဲ တောက်လျှောက်ကြီး ရပ်ပစ်တော့ တော်တော်လေးနာကုန်ပြီ။”

အခုအခါ နှမ်း ၁ တင်းကို ၃၆၀၀၀၊ ၃၇၀၀၀ ပေါက်ဈေးရှိနေပြီး မိုးနှမ်းထက်စာရင် ၁ တင်းကို ၂၀၀၀၀ နီးပါးလောက် ဈေးကွာဟနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013