DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေးဥပဒေ ပြန်လည်သုံးသပ်ဖို့ သမ္မတ သ၀ဏ်လွှာပို့
DVB
·
January 20, 2015
အမျိုးသားပညာရေးဥပဒေ ပြန်လည်သုံးသပ်ဖို့ သမ္မတ သ၀ဏ်လွှာပို့
Donate to DVB

အမျိုးသားပညာရေးဥပဒေ ပြန်လည်သုံးသပ်ပေးဖို့ သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သမ္မတက အခုလို သ၀ဏ်လွှာ ပေးပို့လိုက်တာဖြစ်ပြီး သ၀ဏ်လွှာမှာ ဗဟိုချုပ်ကိုင်မှုလျော့ချပေးဖို့ကိစ္စ၊ ဆရာအဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေ ဖွဲ့စည်းနိုင်ဖို့ကိစ္စကို ဥပဒေမှာ ထည့်သွင်းဖို့ကိစ္စ၊ လူတိုင်းအကျုံးဝင်တဲ့ ပညာရေးထည့်သွင်းဖို့နဲ့ တိုင်းရင်းသားစာပေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းပေးဖို့ဆိုတဲ့ အချက် ၄ ခုကို ပြန်လည် သုံးသပ်ပေးဖို့ ပါရှိပါတယ်။

သ၀ဏ်လွှာပေးပို့တာနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စား ဦးရဲထွန်းက ဒီကိစ္စကို ပြန်လည် လေ့လာသုံးသပ်ပြင်ဆင်မှာဖြစ်တယ်လို့ ပြောပါတယ်။

“လွှတ်တော်က ဘာလုပ်မလဲဆိုတော့ အဲဒီ ပညာရေးကော်မီတီတို့ ဥပဒေကြမ်း ကော်မီတီထဲကနေပြီး သမ္မတရဲ့ သ၀ဏ်လွှာအပေါ်မှာ လေ့လာပြီး သူထောက်ပြထားတဲ့ အချက်တွေ အပါအ၀င် အဲဒါတွေကို သုံးသပ်ပြီးတဲ့အခါ အပြင်က ကျောင်းသားသမဂ္ဂတွေ၊ တချို့လွှတ်တော်ကို လာပြီးတော့ အကြံပေးလိုတဲ့ ဆရာဆရာမတွေ ကျောင်းသားတွေရှိမယ်။ စသဖြင့် အဲဒါတွေနဲ့ ပြန်ပြီး အပြန်အလှန်အစည်းအဝေးတွေထိုင်ပြီး လေ့လာသုံးသပ်မယ်။ ဥပဒေမှာ ပြင်သင့်တဲ့ အပုဒ်တွေ ပြင်မယ်။ ဖြည့်သင့်တာဖြည့်မယ့်။ အဲလိုလုပ်ပြီးတော့ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေဆိုပြီး ထပ်ပြန်တင်ရမှာပေါ့။” လို့ သူက ပြောပါတယ်။ 10931446_645073718954263_2544814643622208860_n

သမ္မတက အခုလို သ၀ဏ်လွှာပေးပို့တဲ့အချိန်မှာ မန္တလေးနဲ့ ထားဝယ်မြို့ကျောင်းသူ ကျောင်းသားတွေက အမျိုးသားဥပဒေ ပြန်လည်သုံးသပ်ပြင်ဆင်ပေးဖို့ သပိတ်မှောက် ချီတက်နေတဲ့ အချိန်ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဦးရဲထွန်းက “အခု သမ္မတက အဲလိုပြော လိုက်တဲ့ အခါကျတော့ လွှတ်တော်က အဲဒါကို သုံးသပ်ပြီး ပြန်ဆောင်ရွက်ပေးမယ်ဆိုတော့ သူတို့အနေနဲ့ သပိတ်မှောက်တာတွေ ရပ်ခိုင်းပြီး လွှတ်တော်က သူတို့ကို လွှတ်တော်ကော်မီတီက သုံးသပ်တဲ့ ပွဲတွေမှာ သူတို့ပါဝင်နိုင်ဖို့အတွက် ပြန်ဆင်ထားသင့်တယ်လို့ ကျနော်ယူဆပါတယ်။ ”

ကျောင်းသားအဖွဲ့အစည်း ဆရာအဖွဲ့အစည်းတွေအနေနဲ့ ပညာရေး ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်ကို မတင်ဘဲ ပညာရေးဝန်ကြီး၊ တက္ကသိုလ်ပရ၀ဏ်၊ သမ္မတဆီကိုပဲ ပို့ကြပြီး ဆန္ဒပြနေကြတယ်လို့လည်း သူက ထောက်ပြပါတယ်။

“အမှန်ကတော့ ဒီအဖွဲ့အစည်းတွေက လွှတ်တော်ကို တိုက်ရိုက်တောင်းဆိုလို့ရှိရင် ပိုကောင်းတယ်။ ကျနော်တို့ လူထုတွေဘာတွေ တွေ့ဆုံအချိန်တွေတုန်းမှာ တွေ့ဆုံပြီး တောင်းဆိုရင်တော့ ကျနော်တို့ လွှတ်တော်ရဲ့ အလုပ်က ဥပဒေပြုပြီးသားဖြစ်ပေမယ့် ပြန်ပြီး ပြင်ဆင်တဲ့ဥပဒေကို ပြင်ဆင်နိုင်တဲ့ အခွင့်အရေးရှိတာကို။ ကျနော်သတိထားမိသလော လွှတ်တော်ကို တင်တာမလုပ်ဘဲနဲ့ ပညာရေးဝန်ကြီးတို့၊ အစိုးရတို့ကို တောင်းဆိုနေသလို ဖြစ်တာပေါ့။ ဒါ့ကြောင့်မို့ သမ္မတကလည်း လေ့လာပြီး အချက် ၄ ချက်ကို ပြန်လည် သုံးသပ်ပေးပါဆိုပြီး သ၀ဏ်လွှာပို့တာ။ ”လို့ ဦးရဲထွန်းက ပြောပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရဲရင့်ကျော် ကတော့ သမ္မတက ဒီလို သ၀ဏ်လွှာပေးပို့ရုံနဲ့ သူတို့ရဲ့ သပိတ်ကို ရပ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

“သမ္မတကနေပြီး လွှတ်တော်ကို စာပို့တဲ့ကိစ္စကို ကျနော်တို့လည်း ကြားပါတယ်။ ဒါပေမယ့် ကျနော်တို့တောင်းဆိုထားတာက အစိုးရရယ်၊ လွှတ်တော်ရယ်၊ အန်အယ်ဒီအပါအ၀င် ပညာရှင်တွေ ကျောင်းသားတွေရယ်ဆိုပြီး လေးပွင့်ဆိုင် ကျော်တို့ တောင်းဆိုထားတာဖြစ်တယ်။ ကျနော်တို့ဖက်က သဘောထားကတော့ ဒီလေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခဲ့ရင်တောင်မှ အဆင်ပြေတယ် မပြေဘူးဆိုတာ ရှိသေးတဲ့အတွက် ကျနော်တို့ တောင်းဆိုတဲ့အချက်တွေ လေးပွင့်ဆိုင်မှာ အဆင်ပြေပြီးဆိုမှ ကျတော်တို့ ဒီသပိတ်ဆောင်ရွက်မှုတွေကို ရပ်တန့်မှာဖြစ်တယ်။ အခုလို သမ္မဆီက ဒီလို သတင်းကြားရုံလောက်နဲ့တော့ ကျတော်တို့ လှုပ်ရှားမှုတွေကို ရပ်တန့်သွားမှာလည်းမဟုတ်ဘူး။ ပြောင်းလဲသွားမှာလည်းမဟုတ်ဘူး။”

ကျောင်းသားနဲ့ ဆရာတွေရဲ့ သဘောထားဆန္ဒ မပါဘဲ အစိုးရအလိုကျ ရေးဆွဲထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက ကျောင်းသားတွေက မြန်မာပြည်အနှံ့မြို့ကြီးတွေမှာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ဒါအပြင် ရက်ပေါင်း ၆၀ အတွင်း အစိုးရအနေနဲ့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေ၊ ဆန္ဒကို လိုက်လျောဆောင်ရွက်ပေးဖို့ ကြေညာထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013