
ပြင်သစ်နိုင်ငံတဝန်း ကျောင်းတွေရဲ့ အခြေအနေ ဆိုးရွားလာမှုနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေက အကြမ်းဖက်မှုအသွင် ကူးပြောင်းလာချိန် အောက်တိုဘာ ၆ ရက်က စထရာ့စ်ဘတ်မြို့မှာ နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး ဆန္ဒပြကျောင်းသားတွေဆီ ပြေးဝင် လူစုခွဲခဲ့ကြ ပါတယ်။
ပြီးခဲ့တဲ့လက စပြီး နိုင်ငံတဝန်း ပျံ့နှံ့သွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ ကျောင်းသားတွေ၊ ဆရာတွေနဲ့ မိဘ တွေ ပါဝင်ဆန္ဒပြခဲ့ကြပါတယ်။
ပါရီ၊ လီယွန်၊ စထရာ့စ်ဘတ်နဲ့ တခြားမြို့ကြီးတွေမှာလည်း ပဋိပက္ခတွေဖြစ်ခဲ့ပြီး၊ မငြိမ်မသက်မှု စတည်းက ခုထိ ရဲတပ်ဖွဲ့ဝင် ၇၀၀ ကျော်နဲ့ ကျောင်းသား၊ ကျောင်းဝန်ထမ်း ရာချီ ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဝန်ကြီးချုပ် ဆီဘက်စ်တီယန်လီကော်နူးက ဒီလှုပ်ရှားမှုကို ဆယ်စုနှစ်တွေအတွင်း အကြမ်းဖက်မှု အများဆုံး ကျောင်းသားဆန္ဒပြပွဲတွေအဖြစ် ဖော်ပြခဲ့ပါတယ်။
ဟောင်းနွမ်းနေတဲ့ ကျောင်းအဆောက်အအုံတွေ ပြုပြင်ပေးရေးနဲ့ တာဝန်ကျဆရာတွေ မရှိတဲ့ နေရာတွေမှာ အစားထိုးခန့်အပ်ရေး အပါအဝင် ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ဖြေရှင်း ဆောင်ရွက်ပေးဖို့လည်း ဝန်ကြီးတွေကို ညွှန်ကြားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ တိုးပွားလာနေတဲ့ ကြွေးမြီပမာဏ၊ စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းနဲ့ အစိုးရ အနေနဲ့ အသုံးစရိတ်ကို ထိန်းချုပ်ဖို့ တွန့်ဆုတ်နေခြင်းတို့အပေါ် ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်ပူပန် နေတာပါ။
ဒါကြောင့် ငွေချေးစာချုပ် အတိုးနှုန်းတွေ မြင့်တက်လာနေချိန်မှာ ဒီဆန္ဒပြပွဲတွေက ဘတ်ဂျက် လိုငွေပြမှု ပမာဏကြီးမားလာတာကို လျှော့ချဖို့ ကြိုးပမ်းနေတဲ့ အစိုးရအပေါ် ဖိအားတွေ တိုးစေ ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က ပြင်သစ်နိုင်ငံရဲ့ ၁၀ နှစ်သက်တမ်းရှိတဲ့ ငွေချေးစာချုပ် အတိုးနှုန်းဟာ ၂၄ နှစ် အတွင်း အမြင့်ဆုံးအဖြစ် ၅ ရာခိုင်နှုန်းကျော်အထိ ခဏရောက်ရှိခဲ့ပါတယ်။
Source: Reuters











