
အာဆင်နယ်အသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ အသက် ၁၈ နှစ်အရွယ် နောက်ခံလူ အီမန်နျူရယ်ဘမ်ဘာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ချဉ်းကပ်နေပါတယ်။
ပီအက်စ်ဂျီက စာချုပ်သစ် ကမ်းလှမ်းထားပေမဲ့ ဘမ်ဘာကတော့ ပရီးမီးယားလိဂ်ကို ပြောင်းဖို့ စိတ်ဝင်စားနေတာပါ။
အာဆင်နယ်ကတော့ သူ့ကိုခေါ်ပြီး ၂၀၂၇ ဇန်နဝါရီအထိ ဥရောပကလပ်တခုမှာ အငှားချဖို့ စီစဉ်နေပါတယ်။ ဒါမှလည်း အင်္ဂလန်မှာ ကစားခွင့်ဗီဇာ (work permit) ရဖို့ အချိန်ရမှာ ဖြစ်ပါတယ်။
ဘမ်ဘာဟာ အာဆင်နယ်နည်းပြ အာတီတာရဲ့ လက်အောက်မှာ ပြောင်းရွှေ့ကစားဖို့ ပိုသဘောကျနေပါတယ်။
အာဆင်နယ်ဘက်ကလည်း ဆာလီဘာရဲ့ တိုးတက်မှုကို နမူနာပြပြီး စည်းရုံးထားတာပါ။ ဘမ်ဘာဟာ ပီအက်စ်ဂျီလူငယ်အသင်းမှာ ဗဟိုနောက်ခံလူအဖြစ် ကစားပေမဲ့ အာဆင်နယ်ကတော့ သူ့ကို ဘယ်နောက်ခံလူအဖြစ် ရေရှည်အသုံးပြုဖို့ ဗျူဟာချထားပါတယ်။
သူဟာ ပြင်သစ်လူငယ်လက်ရွေးစင် ဖြစ်ပြီး ပီအက်စ်ဂျီ ယူ-၁၉ အသင်းကို ဖလားရအောင် ခေါင်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။










