DVB Logo
Home
မြန်မာသတင်း
၆ ပွင့်ဆိုင် ဆွေးနွေးရေး သမ္မတ ပယ်ချ
DVB
·
January 19, 2015
၆ ပွင့်ဆိုင် ဆွေးနွေးရေး သမ္မတ ပယ်ချ
Donate to DVB

ပြည်ထောင်စု လွှတ်တော်အစည်းအဝေးက အတည်ပြုဆုံးဖြတ် တိုက်တွန်းထားတဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကို သမ္မတက ငြင်းဆိုပယ်ချလိုက်ပါတယ်။

[caption id="attachment_77718" align="alignright" width="369"]ဇန်န၀ါရီလ ၁၂ ရက်နေ့က ဒုတိယအကြိမ် သမ္မတနှင့် နိုင်ငံရေးအင်အားစုများ ဆွေးနွေးစဉ် ဇန်န၀ါရီလ ၁၂ ရက်နေ့က ဒုတိယအကြိမ် သမ္မတနှင့် နိုင်ငံရေးအင်အားစုများ ဆွေးနွေးစဉ်[/caption]

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်း တင်ထားတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သမ္မတက သဘောထားမှတ်ချက် ပြန်လည်ပေးပို့တာ ဖြစ်ပါတယ်။

ပြည်ထောင်စု လွှတ်တော်ရဲ့ တိုက်တွန်းချက်မှာ ခေတ်စနစ်အချိန်အခါနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံ ပေါ်ပေါက်ရေးနဲ့ ပစ္စုပ္ပန် အနာဂတ် မြန်မာနိုင်ငံတည်ဆောက်ရေးမှာ အခြေအနေကောင်းများ ဖန်တီး လမ်းခင်းပေးနိုင်ရေး အချက် ၂ ချက်ကို တွေ့ရတယ်လို့ သမ္မတက မှတ်ချက်ပေးပို့ခဲ့တယ်လို့ ပြည်သူ့လွှတ်တော် အမတ် ဦးရဲထွန်းက ပြောပါတယ်။

“ခေတ်စနစ်နဲ့ညီတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတာ မှန်ပါတယ်တဲ့၊ ဒါပေမယ့်လို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း ၁၂ ပုဒ်မ ၄၃၃၊ ၄၃၄၊ ၄၃၅၊ ၄၃၆ တို့မှာ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အတွက် ဆောင်ရွက်ရမယ့် နည်းလမ်းတွေ ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်တဲ့၊ ဒီလို ပြဌာန်းထား တဲ့ ကိစ္စဟာ လွှတ်တော်တွင်းမှာသာ ဆောင်ရွက်ဖို့ ဖြစ်ပြီးတော့ လွှတ်တော်တွင်းမှာ ဆောင်ရွက်လို့ အောင်မြင်တဲ့ ကိစ္စတွေကိုလည်း ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပပြီးတော့ နိုင်ငံသားတွေရဲ့ သဘော ထားနဲ့ အတည်ပြုဖို့ ဖြစ်ပါတယ်တဲ့၊ ဒါကြောင့်မို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်းထားတဲ့ အတိုင်း သာ လုပ်ဆောင်ဖို့နဲ့ အဲဒီလုပ်ထုံးလုပ်နည်းအတိုင်းကျော်လွန်ပြီး လုပ်ဆောင်မယ်ဆိုရင် တရားဥပဒေ စိုးမိုးရေး (Rule of Law)ကို ကျော်လွန်လုပ်ဆောင် သကဲ့သို့ ဖြစ်နိုင်သည်ကို သတိပြုရမယ် ဖြစ်ပါတယ်တဲ့၊ ဆိုလိုတာကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးက သူနဲ့ မဆိုင်ဘူး လွှတ်တော်ကပဲ လုပ်ရ မယ်ဆိုတဲ့အတွက် အဲဒီရည်ရွယ်ချက်က လွှတ်တော်ကပဲ ဆောင်ရွက်ပါဆိုတဲ့ သဘောပေါ့” လို့ ဦးရဲထွန်းက ပြောပါတယ်။

ဒါ့အပြင် ပစ္စုပ္ပန် အနာဂတ် မြန်မာနိုင်ငံတည်ဆောက်ရေးမှာ အခြေအနေကောင်းများ ဖန်တီး လမ်းခင်းပေးနိုင်ရေးကိစ္စဟာလည်း တနိုင်ငံလုံး တိုင်းရင်းသား အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်တဲ့ အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့နဲ့ တပ်မတော်က တာဝန်ရှိတဲ့သူများ ပါဝင်သင့် ပါဝင်ထိုက်သူများ ပါဝင်သင့်တယ်လို့ အကြံပြုလိုတယ်လို့လည်း သူက ပြောပါတယ်။

“‘ဒီအပေါ်မှာ ဆွေးနွေးမလား မဆွေးနွေးဘူးဆိုတာတော့ လွှတ်တော် ဥက္ကဋ္ဌရဲ့ သဘောထားလည်း ပါမှာပေါ့” လို့ ဦးရဲထွန်းက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ဆောလျင်စွာပြုလုပ်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အရေးကြီးအဆို ကို မနှစ် နိုဝင်ဘာ ၂၅ ရက်နေ့က ပြည်ထောင်စုလွှတ်တ်ာက ကန့်ကွက်သူမရှိ အတည်ပြုခဲ့တာပါ။

အရေးကြီးအဆို အပြည့်အစုံကတော့ “ခေတ် စနစ်၊ အချိန်အခါ၊ အခြေအနေနှင့် ညီညွတ် သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာ ရေး၊ ပစ္စုပ္ပန်နှင့် အနာဂတ် မြန်မာနိုင်ငံတည် ဆောက်ရေးအတွက် အခြေအနေကောင်းများ ဖန်တီးလမ်းခင်းပေးနိုင်ရန် နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဆောလျင်စွာ တွေ့ဆုံညှိနှိုင်းရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်း” ဖြစ်သည်။ အဆိုအတည်ပြုပြီးနောက်ရက်မှာ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ဒေါက်တာအေးမောင်ကို ရွေးချယ်ထာားပါတယ်။

ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် သမ္မတက နိုင်ငံရေး အင်အားစု ၅ စုက ကိုယ်စားလှယ်တွေပါဝင်တဲ့ ၁၄ ပွင့်ဆိုင်ဆွေးနွေးပွဲကို တကြိမ်၊ ၄၈ ပွင့်ဆိုင် နိုင်ငံရေးဆွေးနွေးပွဲကို တကြိမ် နှစ်ကြိမ်ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013