DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် လင်းခေးထွေအုပ်ရုံးတွင် ပစ်ခတ်မှုဖြစ်၊ ဦးစီးအရာရှိကို ထိမှန်
DVB
·
January 19, 2015
ရှမ်းပြည်နယ် လင်းခေးထွေအုပ်ရုံးတွင် ပစ်ခတ်မှုဖြစ်၊ ဦးစီးအရာရှိကို ထိမှန်
Donate to DVB

ရှမ်းပြည်နယ် လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဒီကနေ့ မနက် သေနတ်ပစ်ခတ်မှုကြောင့် ဦးစီးအရာရှိတစ်ဦး လည်ပင်းမှာ ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

[caption id="attachment_75545" align="alignright" width="359"]၂၀၁၄ ဒီဇင်ဘာလ အတွင်းက လင်းခေးမှ သစ်တောဝန်ထမ်း ၄ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး (ဓာတ်ပုံ - Shan News) ၂၀၁၄ ဒီဇင်ဘာလ အတွင်းက လင်းခေးမှ သစ်တောဝန်ထမ်း ၄ ဦး သေနတ်ဒဏ်ရာဖြင့် သေဆုံး (ဓာတ်ပုံ - Shan News)[/caption]

အပစ်ခံရသူဟာ ထွေအုပ်ဦးစီးအရာရှိ ဦးဘိုဘိုသန်းရွှေ ဆိုသူဖြစ်ပြီး ဒဏ်ရာပြင်းထန်တဲ့ အတွက် တောင်ကြီးဆေးရုံကို ပို့ဆောင်ထားတယ်လို့ လင်းခေးမြို့ခံ စိုင်းလောဝ်က ဒီဗွီဘီကို ပြောပါတယ်။

“အပစ်ခံရတာက ဦးစီးအရာရှိပါ။ အဲဒီမတိုင်ခင်က ပခုံးမှာ ၃ ပွင့်ရှိတဲ့ စစ်သားတစ်ယောက်နဲ့ စကားများကြတယ်လို့ ရုံးနဲ့နီးစပ်တဲ့လူက ပြန်ပြောပြတယ်ခင်ဗျ။ စစ်သားက ပစ်ထည့်လိုက်တာ သေ နတ်က လည်ပင်းကိုမှန်တယ်တဲ့။ အဲဒီစစ်သားကိုလည်း ဖမ်းမိပြီလို့တော့ ပြောတာဘဲ။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး လင်းခေးရဲစခန်းနဲ့ သက်ဆိုင်ရာ ထွေအုပ်ရုံးကို မေးမြန်းဖို့ကြိုးစားပေမယ့် ဆက်သွယ်လို့မရသေးပါဘူး ။
လင်းခေးမြို့နယ်ထဲမှာ မနှစ် နှစ်ကုန်ပိုင်း (ဒီဇင်ဘာ ၂၇ ရက်) နေ့ကလည်း သစ်တောဝန်ထမ်း ၄ ဦး လမ်းပေါ်မှာ အပစ်ခံရပြီး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013