DVB Logo
Home
မြန်မာသတင်း
သံလွင်ရေကာတာစီမံကိန်း ရပ်တန့်ပေးရန် တောင်းဆို
DVB
·
January 19, 2015
သံလွင်ရေကာတာစီမံကိန်း ရပ်တန့်ပေးရန် တောင်းဆို
Donate to DVB

သံလွင်မြစ်ပေါ်တည်ဆောက်မယ့် ရေကာတာ ဒီစီမံကိန်းတွေ ချက်ချင်းရပ်တန့်ပေးဖို့ မြန်မာနိုင်ငံ မြစ် ချောင်းများကွန်ရက်က တောင်းဆိုပါတယ်။

[caption id="attachment_77724" align="alignright" width="481"](ဓာတ်ပုံ - KESAN) (ဓာတ်ပုံ - KESAN)[/caption]

မနှစ် နှစ်ဆန်းပိုင်းက ဒေသခံ ပြည်သူပေါင်း ၆ သောင်းကျော် လက်မှတ်ထိုးပြီး နိုင်ငံရေး အဖွဲ့အစည်း အပါအ၀င် အဖွဲ့ ၁၃၁ ဖွဲ့ရဲ့ ဆန္ဒပြုထောက်ခံတဲ့ အိတ်ဖွင့်ပေးစာကို မြန်မာလျှပ်စစ် စွမ်းအင်ဝန်ကြီးဌာန၊ တရုတ်နဲ့ ထိုင်းသံရုံးတွေဆီကို ဒီကနေ့ ပေးပို့ခဲ့ပါတယ်။

ကွန်ရက် ပြောခွင့်ရသူ မအနန်က    “အခု ကျမတို့ ဒီသံလွင်ရေကာတာတွေကို ကြည့်မယ်ဆိုရင် ရေကာတာတော်များများက ပဋိပက္ခဖြစ်ပွားနေတဲ့နေရာတွေမှာ ရှိနေတယ်ပေါ့နော်။ ဥပမာ ကွမ်လုံ၊ နောင်ဖာ၊ အဲဒီနေရာမှာ ဆိုရင်လည်း မနှစ်တုန်းက လတ်တလော တိုက်ပွဲတွေဖြစ်ပွားတယ်။ ဒီ ဟတ်ကြီးရေ ကာတာနေရာ မှာဆိုရင်လည်း တိုက်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့ ဒေသခံ ၂ ထောင်ကျော် ထွက်ပြေးရတဲ့အနေ အထားရှိတယ်။ ကွမ်လုံမှာဆိုရင်လည်း တိုက်ပွဲဖြစ်တာက တကြောင်း၊ လမ်းဖောက်တဲ့ အတွက်ကြောင့် လယ်မြေသိမ်းခံရတာတွေ ဖြစ်ပွားနေတယ်။ ဆိုတော့ ဒီနေရာဒေသတွေက မတည်ငြိမ်သေး တဲ့နေရာဖြစ်တယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာဖြစ်တယ်။  အကယ်၍ ဒီရေကာတာကြီး ဆက်သွားမယ်ဆိုရင် ပဋိပက္ခကို ပိုပြီးတော့ အားဖြစ်စေတယ်”လို့  ပြောပါတယ်။

ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီစီမံကိန်းတွေဟာ ပဋိပက္ခကို ပိုမိုဆိုးရွားစေပြီး ဒေသခံလူထုအပေါ် အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ပေါ်စေတယ်လို့  ကွန်ရက်တာဝန်ရှိသူတွေက ပြောပါတယ်။

အစိုးရက သံလွင်မြစ်ပေါ်မှာ ရေကာတာ ၆ ခု တည်ဆောက်မယ်လို့ ကြေညာထားပါတယ်။  အဲဒီ ရေကာတာတွေကတော့ ရှမ်းပြည်နယ်အတွင်းမှာ ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာနဲ့ တာဆန်း(ဝါ)မိုင်းတုန်ရေကာတာ၊ ကယားပြည် နယ်မှာဆိုရင် ရွာသစ်ရေ ကာတာနဲ့ ကရင်ပြည်နယ်မှာ  ဟတ်ကြီးရေကာတာတို့ ဖြစ်ပါတယ်။

သံလွင်မြစ်ဟာ အာရှတိုက်မှာ လွတ်လပ်စွာ စီးဆင်းတဲ့မြစ် ၄ ခု ထဲမှာ တခုပါဝင်ပါတယ်။ သံလွင်မြစ်ပေါ်မှာ ရေကာတာ တည်ဆောက်မယ်ဆိုရင် တခြားစိုးရိမ်မှုတွေရှိတယ်လို့ လည်း မအနန် က ပြောပါတယ်။

“ဒီသံလွင်ရေကာတာ ရှိတဲ့နေရာတွေက ဒီငလျင်ကြောနဲ့လည်း အရမ်းကြီးနီးစပ်တယ်ဆိုပြီးမှ ဒီပညာရှင်တွေက ပြောထားတာရှိတယ်လေ။ ဆိုတော့ ဒီဟာက တကယ့်ကို စိုးရိမ်ဖွယ်ကြီးဖြစ်တယ်။ အဲဒါကြောင့် ဒီရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေရော အစိုးရတွေရော ဒီဟာတွေကောင်းကောင်းပြန် သုံးသပ်ပြီးတော့ ရေကာတာကို ရှေ့ဆက်မတိုးဖို့ ပြောချင်တယ်။ ”

သံလွင်ရေကာတာစီမံကိန်းတွေဟာ တရုတ်နဲ့ ထိုင်းနိုင်ငံတွေကိုသာ ရောင်းချမှာ ဖြစ်သလို သဘာဝပတ်ဝန်းကျင် ပျက်စီးတာနဲ့ လူမျိုးပျက်သုန်းမှာတွေကြောင့်လည်း ဒီစီမံကိန်း ရပ်တန့်စေချင်တာလို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013