
နိုင်ငံ ၃၈ နိုင်ငံက တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံတွေအဖြစ် ပူးပေါင်းခဲ့တဲ့ ကမ္ဘာ့ဉာဏ်ရည်တု AI ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းလည်ပတ်မှုကို တရုတ်နိုင်ငံက ရှေ့ကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ပြောလိုက်ပါတယ်။
တရုတ် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) ရဲ့ တီထွင်ဆန်းသစ်မှုနဲ့ အဆင့်မြင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဝမ်ရူမုံ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာပါ။
တရုတ်နိုင်ငံအနေနဲ့ “ကမ္ဘာလုံးဆိုင်ရာ ဉာဏ်ရည်တု (AI) စီမံအုပ်ချုပ်မှုဆိုင်ရာ အစပျိုးမှု” ကို အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အပြန်အလှန် လေးစားမှုနဲ့ အပြန်အလှန် အကျိုးစီးပွားရှိမှု အခြေခံမူတွေအပေါ် မူတည်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေ အားလုံးနဲ့ မူဝါဒပိုင်းဆိုင်ရာ ဖလှယ်မှုတွေ၊ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အားဖြည့်ဆောင်ရွက်သွားမယ်လို့လည်း ဝမ်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ AI နည်းပညာဆိုင်ရာ အရင်းအမြစ်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ မျှဝေအသုံးပြုနိုင်ခြင်းနဲ့ အားလုံးပါဝင်နိုင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ခိုင်ခိုင်မာမာ မြှင့်တင်သွားမှာ ဖြစ်ပြီး နိုင်ငံအသီးသီးအနေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု လက္ခဏာရပ်တွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ဉာဏ်ရည်ထက်မြက်တဲ့ စနစ်တွေကို တည်ဆောက်ဖို့ တိုက်တွန်းသွားမယ်လို့လည်း ဝမ်က ပြောပါတယ်။
Source: Reuters











