DVB Logo
Home
မြန်မာသတင်း
ဒေါင်းစိမ်းကို အမျိုးသားရေးငှက်အဖြစ် သတ်မှတ်ရန် တင်ပြမည်
DVB
·
January 18, 2015
ဒေါင်းစိမ်းကို အမျိုးသားရေးငှက်အဖြစ် သတ်မှတ်ရန် တင်ပြမည်
1 / 5
Donate to DVB

ဒေါင်းစိမ်းငှက်ကို အမျူိုးသားရေးငှက် (National Bird) အဖြစ် သတ်မှတ်ဖို့ သစ်တောဦးစီးဌာန တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကို တင်ပြသွားမယ်လို့ မြန်​မာငှက်​နဲ့သဘာဝပတ်​ဝန်းကျင်​ ထိန်​သိမ်း​ရေးအဖွဲ့က ပြောပါတယ်။

မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဒီဒေါင်းစိမ်းငှက်ကို  သစ်တောဦးစီးဌာနတောရိုင်းတိရစ္ဆာန်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ ခွင့်ပြုချက်ရတာနဲ့ အမျိုးသားရေးငှက်အဖြစ် သတ်မှတ်ထုတ်ပြန်သွားမယ်လို ထူးဖောင်ဒေးရှင်းက ပြုလုပ်တဲ့ ဇီဝမျိးစုံစောင့်ကြည့်ထိန်းသိမ်းလေ့လာရေး အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားသွားပါတယ်။

Peacock at  the official residence of Malta's President, in Attardမြန်​မာငှက်​နဲ့သဘာဝပတ်​ဝန်းကျင်​ ထိန်​သိမ်း​ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာ သိန်းအောင်က “နိုင်ငံတိုင်းမှာ ကိုယ့်အမျိုးသားတွေရဲ့ အစားအစာတွေ၊ ကိုယ့်အမျိုးသားတွေရဲ့ အပင်တွေ၊ ပန်းတွေ၊ တိရစ္တာန်တွေ စသဖြင့် သတ်မှတ်လေ့ရှိတယ်။ မြန်မာနိုင်ငံက ငှက်မျိုးစိတ်ပေါတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ကျနော်တို့က အများဆုံး ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ သတ်မှတ်သင့်တယ်။ ဒါကြောင့် ဒေါင်းစိမ်းကို ကျနော်တို့ ရွေးထားတယ်” လို့ ပြောပါတယ်။

ဒေါင်းစိမ်းငှက်ဟာ လာမယ့် နစ် ၂၀ လောက်မှာ မျိုးသုဉ်းပျောက်ကွယ်တော့မယ်လို့ ငှက်မျိုးစိတ်လေ့လာသူတွေက သုံးသပ်နေကြပြီး ထိန်းသိမ်းဖို့လည်း ပညာပေးမှုတွေ လုပ်နေပါတယ်။

ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) ရဲ့ သုတေသနမန်နေဂျာ ဒေါက်တာ သိရိဒေ၀ီအောင်က “ဒီဒေါင်းစိမ်းဟာ လာမယ့် နှစ် ၂၀ မှာ ကမ္ဘာပေါ်က မျိုးသုဉ်းပျောက်ကွယ်ဖို့ ၁၀ ရာခိုင်နှုန်းသေချာနေတဲ့ ငှက်မျိုးစိတ်။ ဒီမျိုးစိတ်ကို ကျမတို့  BANCA အနေနဲ့ ၂၀၀၃ ခုနှစ်မှာ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဆာဗေးကောက်ခဲ့တယ်။ ဆာဗေးကောက်ပြီး ၂၀၁၄ ဒီဇင်ဘာလောက်မှာ ကောက်ခဲ့တဲ့ ဒီဒေါင်းစိမ်းငှက်တွေတဲ့နေရာတွေကို သွားခဲ့တယ်။ ဒေသခံတွေကို ဒီငှက်မျိုးစိတ်ဟာ မျိုးသုဉ်းဖို့ ဘယ်လောက်အဆင့်ရောက်နေပြီ၊ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးနဲ့ဆိုင်တဲ့ ငှက်မျိုးစိတ်လည်းဖြစ်တယ်၊ အရင်တုန်းက ဘုရင်တွေက အလံတွေ၊ ပိုက်ဆံတွေမှာ အသုံးပြုခဲ့တယ်။ ဒီဒေါင်းကို ၀ိုင်းဝန်းထိန်းသိမ်းပါဆိုပြီး လုပ်နေပါတယ်” လို့ ပြောပါတယ်။

ဒါ့ပြင် လက်ရှိမှာ ဇီဝမျိးစုံစောင့်ကြည့်ထိန်းသိမ်းလေ့လာတဲ့ အဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံမှာ  နို့တိုက်သတ္တ၀ါ၊ ငှက်မျိုးစိတ်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို တိကျစွာ မှတ်တမ်းမတင်ထားနိုင်သေးဘဲ ခန့်မှန်းချေ သတ်မှတ်မှုတွေသာ ရှိတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013