DVB Logo
Home
မြန်မာသတင်း
မြို့ပြဖွံ့ဖြိုးရေးနှင့်သမိုင်းဝင်ဆောက်အအုံများ ထိန်းသိမ်းရေး အစိုးရကူညီမည်
DVB
·
January 18, 2015
မြို့ပြဖွံ့ဖြိုးရေးနှင့်သမိုင်းဝင်ဆောက်အအုံများ ထိန်းသိမ်းရေး အစိုးရကူညီမည်
Donate to DVB

ရန်ကုန်မြို့ပြဖွံဖြိုးရေးနဲ့ သမိုင်းဝင်အဆောက်အအုံတွေ ထိန်းသိမ်းရေးအတွက် အစိုးရဘက်က တက်နိုင်သလောက်ကူညီ သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။

ရန်ကုန်မြို့ strand ဟိုတယ်မှာ မနေ့က ပြုလုပ်တဲ့ ရန်ကုန်မြို့ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှု ဖိုရမ်အတွင်း ပြည်ထောင်စုဝန်ကြီးက အခုလို ပြောကြားခဲ့တာပါ။

[caption id="attachment_77562" align="aligncenter" width="487"]ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း[/caption]

ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်လာဖို့ကို အစိုးရတခုတည်းက လုပ်လို့ မရတာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေကော၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေပါ အားလုံးပူးပေါင်းလုပ်ကိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ရဲ့ အဓိကနေရာဖြစ်တဲ့ ရွှေတိဂုံဘုရားဝန်းကျင်နဲ့ သမိုင်းဝင်အဆောက်အဦတွေကို ပြည်ထောင်စုအစိုးရ သက်မှတ်ထားတဲ့အတိုင်း လိုက်နာထိန်းသိမ်းဖို့ လိုတယ်လို့ ဆက်ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “ရွှေတိဂုံဘုရားကို ဗဟိုပြုပြီး သတ်မှတ်ထားတာ ရှိတယ်။ ၁ မိုင်အတွင်း ဘယ်လောက်၊ ၂ ပိုင်အတွင်း ဘယ်လောက်၊ ၃ မိုင်အတွင်းမှာ ဘယ်လောက်အမြင့် ဆောက်ရမယ်ဆိုတာ ရန်ကုန်အစိုးရမှာ သတ်မှတ်ထားတာရှိတယ်။ အဲဒီအတိုင်းပဲ မည်သူမဆို လိုက်နာရမယ်” လို့ ပြောပါတယ်။

အဲဒီဖိုရမ်ကို ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲနဲ့ World Monuments Fund တို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး ဇန်န၀ါရီ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပတဲ့ ဖိုရမ်ကို အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံတကာက ဗိသုကာပညာရှင်တွေအပြင် စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013