DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ဘာသာရေးကိုအသုံးချနေမှု စိုးရိမ်ဟု အာရှလူ့အခွင့်အရေးအဖွဲ့ဆို
DVB
·
January 17, 2015
မြန်မာနိုင်ငံတွင် ဘာသာရေးကိုအသုံးချနေမှု စိုးရိမ်ဟု အာရှလူ့အခွင့်အရေးအဖွဲ့ဆို
Donate to DVB

မြန်မာနိုင်ငံမှာ လွတ်လပ်စွာပြောဆိုခွင့်ကို တိုက်ခိုက်ဖို့အတွက် တရားရုံးတွေက ဘာသာရေးကို အသုံးပြုနေတာ စိုးရိမ်ပူပန်မိတယ်လို့ အာရှ လူ့အခွင့်အရေး ကော်မရှင်က ဇန်န၀ါရီ ၁၆ ရက်နေ့က   ပြောပါတယ်။

[caption id="attachment_77473" align="aligncenter" width="526"]ဆရာထင်လင်းဦး ဆရာထင်လင်းဦး[/caption]

ဗုဒ္ဓဘာသာကို အသုံးပြုပြီး ခွဲခြားဆက်ဆံတဲ့ လူတွေနဲ့ သံဃာတော် တချို့ကို ဝေဖန်တဲ့ စာရေးဆရာ ဦးထင်လင်းဦးဟာ ဗုဒ္ဓဘာသာကို စော်ကားတယ်ဆိုပြီး တရားစွဲဆိုခံနေရတဲ့ ဖြစ်ရပ်ကိုအခြေခံပြီး ထုတ်ပြန်ချက်ကနေ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အရင်နှစ်တွေကလည်း စစ်အစိုးရက နိုင်ငံရေး အတိုက်အခံတွေကို ဘာသာရေး စော်ကားတယ်ဆိုပြီး စွဲဆိုမှုတွေရှိခဲ့တဲ့အတွက် ဒီအကြောင်းအရာတွေက အသစ်တော့ မဟုတ်ဘူးလို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။

ဒါပေမယ့်လည်း ဘုန်းတော်ကြီးတွေနဲ့ အမျိုးသားရေး အုပ်စုတွေက မြန်မာပြည်သူတွေရဲ့ ပြောဆိုလုပ်ဆောင်မှုတွေကို စောင့်ကြည့်ပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး သူတို့မကြိုက်တာ ပြောဆိုတာကို ခြိမ်းခြောက်တာတွေကတော့ အသစ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးထင်လင်းဦးနဲ့ပတ်သက်ပြီး တရားရုံးကို လာရောက်တဲ့ ဘုန်းတော်ကြီးတွေက သတင်းမရေးဖို့ အမျိုးသမီး သတင်းထောက်တဦးကို ခြိမ်းခြောက်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။

ထုတ်ပြန်ချက်ကို အာရှလူ့အခွင့်အရေး ကော်မရှင်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်၊ လွတ်လပ်စွာ ထင်မြင်ထုတ်ဖော်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ပိုင်ခွင့်ဆိုင်ရာ အထူးကိုယ်စားလှယ်တွေထံကို သီးခြားစာတစောင်စီ ပေးပို့ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013