DVB Logo
Home
Lead Story
ရန်ကုန်မြို့လယ်တွင် ဗကသကျောင်းသားများ ရိုက်နှက်ခံရ
DVB
·
January 17, 2015
ရန်ကုန်မြို့လယ်တွင် ဗကသကျောင်းသားများ ရိုက်နှက်ခံရ
Donate to DVB

ရန်ကုန်မြို့ ၄၁ လမ်းမှာ ဇန်န၀ါရီလ ၁၆ ရက်နေ့ ညသန်းခေါင်ကျော်က တက္ကသိုလ်ကျောင်းသား ၅ ဦးကို အမည်မသိလူတချို့က  ၀ိုင်းဝန်း ရိုက်နှက်ခဲ့တဲ့အတွက် ကျောင်းသား ၁ ဦး ဦးခေါင်းပေါက်ကွဲ ဒဏ်ရာ အပြင်းအထန်နဲ့ ကျန် ၄ ဦး ပွန်းပဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

[caption id="attachment_77457" align="aligncenter" width="422"]ba ka ta ဒဏ်ရာရ ကျောင်းသား (ဓာတ်ပုံ - Myat Thu)[/caption]

အမျိုးသားယဉ်ကျေးမှုတက္ကသိုလ် ကျောင်းသား မောင်အောင်သောင်းဦးရဲ့ ဦးခေါင်း ပေါက်ကွဲ ဒဏ်ရာကို အခင်းဖြစ်ပြီး နာရီပိုင်းအတွင်းမှာပဲ အရှေ့ပိုင်း ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ညတွင်းချင်း လွှဲပြောင်းပေးလိုက်တယ်လို့ သူငယ်ချင်းတွေက ပြောပါတယ်။

ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကျောင်းသား ၅ ဦးဟာ ၃၈ လမ်းမှာ ရှိတဲ့ ဗကသ ရုံးကအပြန် ၄၁ လမ်း အလယ်ဘလောက် အရောက်မှာ လူအုပ်စု အယောက် ၂၀ လောက်က ၀ိုင်းရိုက်နှက်ပြီး ထွက်ပြေးသွားကြတာလို့ ကာယကံရှင် ကျောင်းသားတွေက ပြောပါတယ်။

ဒီအမှုကိစ္စကို စုံစမ်း စစ်ဆေးပြီး ကာယကံရှင်ကို ဖော်ထုတ်ပေးဖို့ ဗိုလ်တထောင် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ကာယကံရှင် ကျောင်းသားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013