DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူ့အခွင့်အရေး နောက်ပြန်ဆုတ်မည်ကို ကုလကိုယ်စားလှယ် စိုးရိမ်
DVB
·
January 17, 2015
မြန်မာ့လူ့အခွင့်အရေး နောက်ပြန်ဆုတ်မည်ကို ကုလကိုယ်စားလှယ် စိုးရိမ်
Donate to DVB

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေဟာ တချို့အပိုင်းတွေမှာ မပြောင်းလဲသေးဘဲ နောက်ပြန်ဆုတ်သွားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပြောပါတယ်။

[caption id="attachment_77453" align="aligncenter" width="422"]db1 မစ္စ ယန်ဟီးလီ (ဓာတ်ပုံ - ဒီဗွီဘီ)[/caption]

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီဟာ မြန်မာနိုင်ငံ ရဲ့ လူ့အခွင့်အရေး ကိစ္စတွေကို ၁၀ ရက်ကြာ လေ့လာခဲ့ပြီးနောက် မနေ့က ရန်ကုန်မြို့ ဆီးဒိုးနားဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး မြန်မာ့လူ့အခွင်းအရေး အခြေအနေဟာ  လိုအပ်ချက်တွေ အများကြီး ရှိနေသေးတယ်လို့ ပြောပါတယ်။

“ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးရရှိမှု နည်းနေပြီး စိုးရိမ်မှုတွေ မြင့်မားနေသလို  ဆိုးဝါးနေတဲ့ အခြေအနေမှာ ရှိနေသေးတယ်ဆိုတာ မြင်ပါတယ်။ စုဆောင်းရရှိတဲ့ အချက်အလက်တွေအရ တချို့ ကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်မှုတွေ ဆက်လုပ်နေတာ တွေ့ရသလို၊ တချို့ကဏ္ဍတွေမှာတော့ မနှစ် ဇူလိုင်လခရီးစဉ်တုန်းက အခြေအနေမျိုးမှာပဲ မပြောင်းအလဲ ဆက်ရှိနေတယ်လို့ ပြောပါတယ်။။ တိုးတက်မှုတချို့ ရှိခဲ့တဲ့ ဆန္ဒထုတ်ဖော်ခွင့်၊ စုရုံးခွင် တွေဟာ လည်း အခုတော့ ပြန်လည် ဆုံးရှုံးနေတယ်။”

မြေသိမ်းမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှု၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတွေအတွက် ငြိမ်းချမ်စွာ စုရုံးဆန္ဒပြသူတွေကို ဖမ်းဆီးတရားစွဲတာတွေဟာလည်း လက်ခံနိုင်စရာ မရှိဘူးလို့ ယန်ဟီးလီက သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။

“မြေပုံ ဒုက္ခသည် စခန်းထဲက အိမ်အိမ်စွန့်ခွာထွက်ပြေးခဲ့ရသူတွေဟာ  ရိက္ခာရရှိမှု၊ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေ၊ တခြား မရှိမဖြစ် လိုအပ်ချက်တွေမှာ အကန့်အသတ်တွေ ရှိနေတယ်လို့ ပြောပါတယ်။ ရွာပုန်းရွာရှောင်ဒုက္ခသည် (အိုင်ဒီပီ) တွေဟာ ထိန်းသိမ်းခံထားရတဲ့ အခြေအနေတွေထဲမှာ သူတို့ရဲ့ အခွင့်အရေးတွေ နဲ့ ထောက်ပံ့ကြေးတွေကို လျှော့ပစ်ခံခဲ့ရပါတယ်။ ဒီလိုမျိုးဟာ လက်ခံရမဲ့ အခြေအနေမျိုးမဟုတ်ပါဘူး။”

ဒ့ါအပြင် ငြိမ်းချမ်းရေးမရရှိတဲ့ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ လူမျိုးရေးအခြေခံပဋိပက္ခတွေ အပါအ၀င် အစိုးရရဲ့တာဝန်ယူမှုလျှော့နည်း နေတဲ့အပေါ်မှာလည်း စိုးရိမ်ပူပန်မှု ရှိတယ်လို့ ပြောပါတယ်။

တပ်မတော်ထဲမှာ အသက် မပြည့်သေးတဲ့ ကလေးစစ်သားတွေကို ဖယ်ရှားတာနဲ့ပတ်သက်ပြီး အရှိန်အဟုန်နဲ့လုပ်ဆောင်သွားဖို့အတွက်လည်း တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ မနှစ် ဇူလိုင်လက ပထမအကြိမ်လာရောက်ခဲ့ပြီး ပဋိပက္ခ ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ် နဲ့ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

ဒီတကြိမ်မှာတော့ ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင် အပါအ၀င် ရခိုင်ပြည်နယ်က စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောမြို့တွေနဲ့ ရှမ်းပြည်နယ် လာရှိုးမြို့တွေကို သွားရောက်ခဲ့ပြီး အစိုးရအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းက သူတွေအပြင် လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013