DVB Logo
Home
မြန်မာသတင်း
ဟောင်သရောငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်နှင့် ရွာသား ရုန်းရင်းဆန်ခတ်ဖြစ်
DVB
·
January 17, 2015
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ကျိုက်ကျေးရွာမှာ ဟောင်သရောငြိမ်းချမ်းရေးအဖွဲ့ (ကေပီအက်ဖ်) အဖွဲ့ဝင်တွေနဲ့ ရွာသားတွေအကြား ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဇန်န၀ါရီ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖြစ်စဉ်ကတော့ ၁၉၉၀ လောက်ကတည်း ကေပီအက်ဖ်အဖွဲ့က ဗိုလ်မှူးဟန်တင့်ကနေပြီး အဲဒီရွာနားက မြေမှာ ကာရေဆေးဆီထိုးလုပ်ငန်းလုပ်ဖို့ အစိုးရဆီ တင်ထားခဲ့ပါတယ်။

ဒါပေမယ့် ၂၀၁၂ ခုနှစ် နောက်ပိုင်းကျမှ ခြံစည်းရိုးခတ် တိုင်တွေစိုက်ထူမှုလုပ်တဲ့အတွက် ရွာသားတွေနဲ့ ပြဿ နာဖြစ်တယ်လို့ ပြည်သူ့ လွှတ်တော်ကိုယ်စား ဒေါ်နန်းစေးအွာ က ပြောပါတယ်။

“အဲဒီကိစ္စကို ကျမတို့ လယ်ယာမြေ စုံစမ်းရေးကော်မရှင်အနေနဲ့လည်း စစ်ပြီးသွားပြီးတဲ့အပြင် ဒီဘက်က တရားရုံးတွေမှာ ရောက်သွားတယ်။ နှစ်ဖက်စလုံး မနစ်နာအောင် ပိုင်ဆိုင်မှုတွေကို တ၀က်ခွဲတယ်။ အမှန်တော့ အဲဒီနေရာအားလုံးက စားကျက်မြေတွေဖြစ်နေတယ်။ အဲတော့ ကျေးရွာဘက်ကလည်း သူတို့နေရာခဲ့တာကြာပြီး ဆိုတော ကျေးရွာကို တ၀က်ပြန်ပေးတယ်။ အဲလိုမျိုးဖြစ်နေတဲ့ အချိန်မှာပဲ အမှုအခင်း မပြီးသေးတဲ့အချိန်မှာ တဖက်က အဆောက်အဦတွေ ဆောက်လာတယ်။”

ဇန်န၀ါရီ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေတော့ ကေပီအက်ဖ်ဘက်က ခတ်ထားတဲ့ ခြံစည်းရိုးကို ရွာသား ၁၅၀ လောက်က ၀င်ရောက်ဖျက်ဆီးခဲ့ပါတယ်။
အဲဒီနေရာကို သွားရောက်သတင်းယူခဲ့တဲ့ ဘားအံသတင်းထောက်တယောက်က

“မနေ့ည (ဇန်န၀ါရီ ၁၅) က ကော့ကျိုက်ရွာသား ၁၅၀ လောက်က သူတို့ စိုက်ထားတဲ့ကွန်ဂရစ်ခြံစည်းရိုးတိုင်တွေကို ရိုက်ချိုးဖျက်ဆီးတဲ့အတွက် ဆူဆူဖြစ်သွားတယ်။ ဒီမနက်မှာတော့ တခါထပ်ပြီး သူတို့ အဲဒီဟာကို ဆောက်ဖို့ ကြိုးစားရာကနေ ရွာသားတွေဘက်က လာတဲ့အတွက် မနေ့ကလို ပုံစံ ရုန်းရင်းဆန်ခတ်ဖြစ်သွားတာ။”

မွန်းလွဲပိုင်းမှာ မြို့နယ်အာဏာပိုင်တွေ အဲဒီရွာကို ရောက်ရှိလာပြီး ဒီကိစ္စကို တပတ်အတွင်း ပြေလည်အောင်ဖြေရှင်းပေးမယ်လို့ ကြားဝင်ဆောင်ရွက်တဲ့အတွက် နေ့ခင်း ၂ နာရီကျော်မှာ လူစုတွေကွဲသွားခဲ့တယ်လို့လည်း ပြောပါတယ်။

ကော့ကျိုက်ကျေးရွာဟာ ဘားအံမြို့နဲ့ ၄ မိုင်လောက်ကွာဝေးပြီး အိမ်ခြေ ၃၀၀ ဝန်ကျင်လောက်ရှိရာ မွန် နဲ့ ကရင်လူမျိုးတို့ နေထိုင်ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013