DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးလိုက်နာရင် ဒဏ်ခတ်မှုအားလုံး ရုပ်သိမ်းမည်ဟု အမေရိကန်ပြော
DVB
·
January 16, 2015
လူ့အခွင့်အရေးလိုက်နာရင် ဒဏ်ခတ်မှုအားလုံး ရုပ်သိမ်းမည်ဟု အမေရိကန်ပြော
1 / 2
Donate to DVB

မြန်မာအနေနဲ့ လူ့အခွင့်အရေးကိုလေးစားလိုက်နာပြီး အားလုံးပါဝင်တဲ့ ပွင့်လင်းမြင်သာ အများလက်ခံတဲ့ ရွေးကောက်ပွဲဖြစ်မယ်ဆိုရင် မြန်မာအပေါ်ချမှတ်ထားတဲ့ ကျန်နေသေးတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးအရ ပိတ်ပင်ကန့်သတ်မှုတွေအားလုံးကို အဆုံးသတ်သွားအောင် ဆက်လုပ်သွားမယ်လို့ အမေရိကန်က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီလ ၁၄ - ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာ- အမေရိကန် လူ့အခွင့်အရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ရန်ကုန် အခြေစိုက် အမေရိကန် သံရုံးရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ခုလိုဖော်ပြထားတာပါ။

1553391_998974836784202_2382375665572207785_o

လူ့အခွင့်အရေးကိုလေးစားလိုက်နာဖို့၊ ပွင့်လင်းမြင်သာမှု အများယုံကြည်လက်ခံပြီး အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ဒီမိုကရေစီအစိုးရဖြစ်ဖို့၊ ဥပဒေအောက်မှာ အားလုံး တန်းတူညီမျှ အကာအကွယ်ပေးရေး စတာတွေကို နှစ်နိုင်ငံ လူ့အခွင့်အရေးဆွေးနွေးပွဲမှာ သဘောတူညီခဲ့ပြီး ဒီဘုံသဘောထားအမြင်တွေအတိုင်း မြန်မာက အကောင်ထည်ဖော် လုပ်ဆောင်မယ်ဆိုရင် ကျန်နေတဲ့ စီးပွားရေး နိုင်ငံရေး စစ်ရေး ပိတ်ဆို့မှုတွေကို အဆုံးသတ်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာအစိုးရက ပြည်ထောင်စုလွှတ်တော်နဲ့ အတူ လုပ်ဆောင်နေတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းချက်တွေကို အသိအမှတ်ပြုသလို အမျိုးသားအကျိုးစီးပွားနဲ့ နိုင်ငံတကာ လူ့ အခွင့်အရေး စံနှုန်းတွေနဲ့ အညီပြင်ဆင်သွားမှာကို ၂ ဖက်အစိုးရက သဘောတူညီတယ်လို့လည်း ရေးပါတယ်။

လူသားချင်းစာနာ ကူညီထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်ဆီကို အတားအဆီးမရှိ သွားရောက်နိုင်ဖို့လည်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကို အမြန်ဆုံး ဖွင့်လှစ်ဖို့ ကိုလည်း အမေရိကန်ပြည်ထောင်စုက အားပေးတယ်လို့ ဆိုပါတယ်။

အမေရိကန် အစိုးရရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး တွမ်မာလင်နော့စကီးဟာ ဇန်န၀ါရီ ၁၁ ရက်နေ့က မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်းမှာ မြန်မာပြည်အခြေအနေမှန်ကို နားလည်ဖို့ နယ်ပယ်စုံက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့သလို ကချင်ပြည်နယ် မြစ်ကြီးနားကိုလည်း သွားရောက်ခဲ့ပါတယ်။

ဒါအပြင် အစိုးရခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာ ဇန်န၀ါရီ ၁၄-၁၅ ရက်နေ့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013