DVB Logo
Home
မြန်မာသတင်း
ပျောက်ကွယ်လု သိုင်းပြောင်းပြန်ပညာ ထိန်းသိမ်းနိုင်ရေး အခမဲ့သင်ကြား
DVB
·
January 16, 2015
ပျောက်ကွယ်လု သိုင်းပြောင်းပြန်ပညာ ထိန်းသိမ်းနိုင်ရေး အခမဲ့သင်ကြား
1 / 6
Donate to DVB

ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ သိုင်းပြောင်းပြန်ပညာကို ထိန်းသိမ်းဖို့ မန္တလေးမြို့က သိုင်းပြောင်းပြန်စည်းရုံးရေးအဖွဲ့က သိုင်းပြောင်းပြန်ပညာ အခမဲ့သင်ကြားပေးနေပါတယ်။

သိုင်းပြောင်းပြန်ပညာဟာ ပျောက်ကွယ်လုနီးပါးဖြစ်နေတာကြောင့် ထိန်းသိမ်းထားနိုင်ဖို့ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်လက်အောက်မှာရှိတဲ့ သိုင်းပြောင်းပြန် စည်းရုံးရေးအဖွဲ့ဟာ မန္တလေးမြို့ မှာ သိုင်းပြောင်းပြန်ကျောင်းတွေ ဖွင့်လှစ်ပြီး အခမဲ့ သင်ကြားပေးနေတာလို့ သိုင်းပြောင်းပြန် ဒုပင်မဆရာ ဦးစိန်ဝင်းက ပြောပါတယ်။

“ဒီကနေ့လူငယ်တွေဟာ မြန်မာ့ရိုးရာပညာတွေကို အာရုံစူးစိုက်မှု အတော်နည်းနေတဲ့အတွက် တခြား တိုင်းတပါးက ပညာရပ်တွေက နေရာယူလာတယ်။ ကျနော်တို့ မြန်မာ့ရိုးရာပညာတွေက နောက်မှာကျန်နေခဲ့တယ်။ အဲဒါတွေကို မဖြစ်စေချင်ဘူး။ တကယ်တမ်းပြောရရင် သိုင်းပြောင်းပြန်ပညာ၊ မြန်မာ့ရိုးရာပညာတွေဟာ နိုင်ငံခြားက လာတဲ့ ကာရာတေးတို့၊ ၀ူရှူးတို့နဲ့ ကောင်းကောင်း ယှဉ်ပေါင်တန်းနိုင်တဲ့ ပညာဖြစ်ပါတယ်။”

မန္တလေးမြို့မှာ သိုင်းပြောင်းပြန် အခမဲ့သင်တန်းကျောင်း ၆ ခုရှိပါတယ်။ သိုင်းပြောင်းပြန် ပညာကို ထိန်းသိမ်းရတဲ့ ရည်ရွယ်ချက်တွေက သိုင်းပြောင်းပြန်ပညာစဉ်ရဲ့ ရိုးရာဓလေ့တွေကို ဖော်ထုတ်ဖို့ ပညာညီအစ်ကို အချင်းချင်းစည်းလုံးညီညွတ်စွာနဲ့ ပညာစဉ်ပြန့်ပွားဖို့နဲ့ ပညာစဉ်အမွေ အနှစ်တွေကို လက်ဆင့်ကမ်းထိန်းသိမ်းမယ့် မျိုးဆက်သစ်တွေ ဖော်ထုတ်နိုင်ဖို့ဖြစ်တယ်လို့ ပြောပါတယ်။

သင်တန်းတက်ရောက်သူ တဦးဖြစ်တဲ့ မအိအိဖြိုး “နည်းနည်း ကြမ်းတမ်းတော့ ပြိုင်ပွဲတွေမှာတော့ ဥပမာ ကရာတေးတို့၊ ဂျူဒိုတို့ဆိုရင် အစိုးရက ခွင့်ပြုထားတယ်။ သိုင်းပြောင်းပြန်ဆိုရင် ခွင့်ပြုမထားဘူး။ နည်းနည်းတင်းကျပ်တဲ့ ဘောင်ထဲမှာတော့ ရှိတာပေါ့။ လူငယ်တွေကိုတော့ သိုင်းပြောင်းပြန်မှမဟုတ်ဘူး မြန်မာသိုင်းတွေ အကုန်လုံး စိတ်ဝင်စားစေချင်ပါတယ်။ ဘာလို့လဲဆိုရင် သိုင်းပြောင်းပြန်သင်တဲ့အခါမှာ သူတို့ကို စည်းကမ်းကအစ သိက္ခာပိုင်း၊ ကိုယ်ကျင့်တရားပိုင်းအထိ အကုန်လုံး ထိန်းချုပ်ပြီးသားဖြစ်သွားတယ်။ ထိန်းချုပ်တယ်ဆိုတာက အတင်းမဟုတ်ဘူး။ သူ့ဟာသူ ပုံစံဝင်သွားတာပဲ။ ဒီဟာကစားတဲ့အချိန်မှာ သူ့ရဲ့ စိတ်ဓာတ်ကိုက ပြောင်းသွားခဲ့တာပေါ့။ ယောက်ျား၊ မိန်းကလေး လူငယ်တွေအကုန်လုံးကို သိုင်းပြောင်းပြန် ကစားစေချင်ပါတယ်။”

ခူးကာချန့်လို့ ခေါ်တဲ့ သိုင်းပြောင်းပြန်ပညာဟာ ကမ္ဘောဇနန်းတွင်းက ဆွေတော်မျိုးတော်နဲ့ အထူးတိုက်ခိုက်ရေးသမားတွေကိုသာ သင်ကြားခွင့်ပေးခဲ့တဲ့ လျှို့ဝှက်ပညာတခုဖြစ်ပါတယ်။

နန်းတွင်းအထူးတိုက်ခိုက်ရေး အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဆရာကြီး ဦးချယ်က တဆင့် ဆရာကြီး ဦးမောင်လေးကို လက်ဆင့်ကမ်းသင်ကြားပေးခဲ့တာဖြစ်ပြီး ဦးမောင်လေးဟာ သိုင်းပြောင်းပြန်ပညာကို မြန်မာပြည်အနှံ့လှည့်ပြီး သိုင်းပညာပြန့်ပွားခဲ့တာဖြစ်ပါတယ်။

[gallery ids="77260,77261,77262,77263,77264,77265"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013