DVB Logo
Home
မြန်မာသတင်း
ချင်းရိုင်းခရိုင်တွင် စိတ်ကြွဆေး ၁ သန်းနှင့် ရေခဲမူးယစ်ဆေးများ ဖမ်းမိ
DVB
·
January 15, 2015
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင်မှာ  ဘတ်သန်းပေါင်း ၅၀၀ တန်ဖိုးရှိ ရာဘ စိတ်ကြွဆေး ၁ သန်းနဲ့ ရေခဲ(Ice)မူးယစ်ဆေး ၁၈ ကီလိုဂရမ်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဗိုလ်မှူးကြီး ယိဆေးနဲ့ ဆက်နွှယ်နေတဲ့ လူဆီကနေ ဖမ်းဆီးရမိတာလို့ အမှတ် ၅ တိုင်းဒေသရဲတပ်ဖွဲ့ရဲ့ ရဲမှူးကြီး ထနစ်ဆဒ် ထိလ၀ပ်ဆဒီးက ဒီကနေ့ သတင်းစာရှင်းလင်းပြောကြားပါတယ်။

ဗိုလ်မှူးကြီး ယိဆေးဆိုသူဟာ မြန်မာနိုင်ငံဘက်ခြမ်းက လားဟူပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး ထိုင်းမြောက်ပိုင်း နယ်စပ်မှာ မူးယစ်ဆေးဝါးမိတဲ့အခါ ထိုင်းရဲတပ်ဖွဲ့က ဆက်နွှယ်တယ်လို့ ညွှန်းဆိုခံရလေ့ရှိသူဖြစ်ပါတယ်။

ကြိုတင်သတင်းအရ ရဲတပ်ဖွဲ့က စောင့်ကြည့်ရာမှာ မနေ့က  အဖြူရောင် မစ်ဆူဘီရှီကားတစီး ချင်းရိုင်းခရိုင်ဆေးရုံဝင်း ကားပါကင်ကနေ မောင်းထွက်လာစဉ် စစ်ဆေးဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ကားနောက်ဖုံးဘက်မှာ အိတ်အနက်ရောင် ၁၀ လုံးအတွင်း ထည့်ထားတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့ကြောင်း၊ ယာဉ်မောင်း နိုင်းနိရတ် ဆကွန်း ရတ်ကရဇ်  ( အသက် ၄၃ ) နှစ်ကလည်း အဲဒီပစ္စည်းတွေကို အိမ်နီးချင်းက သယ်ပေးခ ဘတ်တစ်သိန်းပေတဲ့အတွက် အငှားသယ်ပေး ခဲ့တာဖြစ်ကြောင်း၊ ဒါဟာ ပထမဆုံးအကြိမ်ကျူးလွန်တာဖြစ်ပြီး အိမ်သစ်ဆောက်နေတာ ငွေလိုလို့ အလုပ်ကို လက်ခံခဲ့ကြောင်း ၀န်ခံခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေဟာ နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းကို သယ်ဆောင်ဖို့ဖြစ်ပြီး ပြည်တွင်းဘက်ဝင်လာပြီဆိုရင်  လူမှုရေးပြဿ     နာအပြင် အခြားဆက်စပ်ပြဿ     နာတွေ ဖြစ်စေ နိုင်တဲ့အတွက် နယ်စပ်လုံခြုံရေးတိုးမြှင့်ဖို့ အိမ်နီးချင်းနိုင်ငံက တာဝန်ရှိသူတွေနဲ့ အမြန်ဆုံးဆွေးနွေးသွား မယ်လို့ ရဲမှူးကြီးကပြောကြောင်း  bangkokbiznews မှာ ဖော်ပြပါ တယ်။

ဗိုလ်မှူးကြီး ယိဆေး ဆိုသူဟာမြန်မာနိုင်ငံက လားဟူပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး ထိုင်းရဲ တပ်ဖွဲ့က ဘတ်ငွေ ၅ သန်း နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - manager online

[gallery ids="77245,77246,77247"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013