DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်ဝန်ကြီးတဦး ထိန်းသိမ်းခံရပြီးနောက် တိုက်ပွဲ ပြင်းထန်
DVB
·
January 15, 2015
ကချင်ပြည်နယ်ဝန်ကြီးတဦး ထိန်းသိမ်းခံရပြီးနောက် တိုက်ပွဲ ပြင်းထန်
1 / 4
Donate to DVB

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)က ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်ကို လမ်းမှာ တားဆီးမေးမြန်းမှုဖြစ်ပွားပြီးနောက် တပ်မတော်နဲ့ ကေအိုင်အေ အကြား တိုက်ပွဲတွေ ဖြစ်ပွားပါတယ်။

မနေ့က ဖားကန့်မြို့နယ် ဟွေလုံကျေးရွာအနီးမှာ ကေအိုင်အေက မိုးကောင်း-ကာမိုင်း -ဖား ကန့် လမ်းကြောင်း စစ်ဆေးကြည့်ရှုနေတဲ့ ပြည်နယ်ဝန်ကြီးအဖွဲ့ကို တားဆီး စစ်ဆေးမေးမြန်ခဲ့ပြီး လုံခြုံရေး ရဲ ၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ကေအိုင်အိုဘက်ကတော့ ပြည်နယ်ဝန်ကြီးကို မေးမြန်းတာသာဖြစ်ပြီး ရဲတွေကိုလည်း ပြန်လွှတ်ပေးမှာပါလို့ ဒီဗွီဘီကို ဖြေပါ တယ်။

ဒီဖမ်းဆီးမှုအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ လပိုင်းက ကေအိုင်အို ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရမှုနဲ့ ကေအိုင်အေ စခန်းတချို့ကို တပ်မတော်ဘက်က ၀င်ရောက်စီးနင်း၊ ရဲဘော်တချို့ကို ဖမ်းဆီးမှုတွေ ဖြစ်ပွားအပြီး နှစ်ဘက်အကြား အတင်းမာဆုံးအခြေအနေဖြစ်ပါတယ်။

ဒီကနေ့ ဇန်န၀ါရီလ ၁၅ ရက် မနက်အရုဏ်တက်ကစပြီး ဖားကန့်မြို ဥရုချောင်းအနီးမှာ တိုက်ပွဲဖြစ်လို့ သူတို့ရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ ဖားကန့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ဦးသန်းနိုင်က ပြောပါတယ်။

သူက “အခုကျနော်တို့ ကံဆီးခွင် အောင်ဘာလေရွာအ၀င်နားမှာ တိုက်ပွဲဖြစ်နေတယ်ဗျ။ အသံတွေ ကြားနေရတယ်။ အကျယ်ကြီးပဲ။ ကျည်ဆံတွေရော၊ လက်နက်ကြီးတွေရော၊ အဲဒါကြောင့် ရွာသားတွေ တောရဘုန်းကြီးကျောင်း ဘက်ပြေးနေကြတယ်။ ဆိုင်ကယ်တွေ ကားတွေ စက်ဘီးတွေနဲ့ ကလေးတွေလည်း ကျောင်းပိတ်ထားရတယ်။ ကျနော်လည်း ပြေးရတော့မယ်။ လုံးခင်းဘက် ဖားကန့်ဘက်လည်း သွားလို့မရဘူး။”

ဒါ့အပြင် အဲဒီအနီးတ၀ိုက်က ကံဆီးခေါနဲ့ ငှက်ပျောတောရွာက လူတွေလည်း ကျည်လွတ်ရာ ထွက်ပြေးနေကြပြီလို့ ဆိုပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် ကေအိုင်အို နည်းပညာအဖွဲ့က ဦးဒေါင်းခါးက ဒီတိုက်ပွဲဟာ အစိုးရတပ် ဘက်က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

“ဒီကနေ့မနက် ၆ နာရီခွဲလောက်ကစပြီး ကျနော်တို့ ကေအိုင်အေ တပ်ရင်း ၆ ရှိရာဘက်ကို အစိုးရတပ်က လက်နက်ကြီးနဲ့ စပြီး ပစ်ခတ်ခဲ့တယ်လို့ အကြောင်းကြားပါတယ်ခင်ဗျ။ မနက် ၉ နာရီထိ မငြိမ်သေးဘူး။ ထိခိုက်ဒဏ်ရာရစာရင်းတွေလည်း မသိရပါဘူး။”

အစိုးရဘက်၊ တပ်မတော်ဘက်ကတော့ တိုက်ပွဲသတင်းထုတ်ပြန်မှု မရှိသေးတာပါဘူး။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ဘက်မှာလည်း နယ်မြေရှင်းလင်းရေးလုပ်တဲ့ အစိုးရ တပ်နဲ့ တာမိုးညဲရွာအနီးတောင်ကုန်းတ၀ိုက်မှာ ကေအိုအေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာ ၃ ရက်ရှိပြီလို့ ဦးဒေါင်းခါးက ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနဲ့အဖွဲ့ကို တားဆီးမှုဖြစ်စဉ်မှာတော့ ခေတ္တခေါ်ယူစစ်ဆေး ထားတာဘဲဖြစ်ပြီး ၀န်ကြီးဖြစ်ကြောင်းသိရတဲ့အတွက် မနေ့ကဘဲ ပြန်လွှတ်ပေးလိုက်ပြီလို့ သူက ဆက်ပြောပါတယ်။ ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကိုလည်း ပြန်လွှတ်ဖို့ ဌာနချုပ်က ညွှန်ကြားထား ပြီးဖြစ်ပေမယ့် လတ်တလောမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ကေအိုင်အေ တပ်မဟာ ၆ မှာဘဲ ထိန်းသိမ်း ထားတယ်လို့ ဦးဒေါင်းခါးက ပြောသွားပါတယ်။

ရဲတပ်ဖွဲ့ဝင် ၃ ဦး အမြန်ဆုံးပြန်လည် လွှဲပြောင်းပေးနိုင်ရေးအတွက် မြစ်ကြီးနားမြိုက ပဋိပက္ခ ဖြေရှင်းရေး ညှိနှိုင်းရေးအဖွဲ့နဲ့ ကေအိုင်အေ နည်းပညာဆိုင်ရာ အကြံပေးအဖွဲတို့ကို ဆက်သွယ်ထားတယ်လို့ အစိုးရ ထုတ်ပြန်ပါတယ်။
တပ်မတော်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲခဲ့တဲ့ ကေအိုင်အိုအဖွဲ့ဟာ တပ်မတော်အစိုးရအဆုံးမသတ်ခင်မှာ နယ်ခြားစောင့်ပြောင်းရေး ဖိအားပေးမှုကို ငြင်းဆန်ရာက တိုက်ပွဲတွေပြန်ဖြစ်နေတာဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန်က လာမယ့်ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်ကြောင်း ကြေညာထားချိန်မှာ ကချင်လွတ်လပ်ရေးတပ်မတော်၊ ရခိုင်တပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော်တွေက အစိုးရနဲ့ အပစ်ရပ်လက်မှတ် မရေးထိုးနိုင်သေးဘဲ ဖြစ်နေပါတယ်။
[gallery ids="77171,77172,77173,77174"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013