DVB Logo
Home
မြန်မာသတင်း
ဒေါ်ခင်ဝင်းသေဆုံးမှု ရဲကို အရေးယူရန် ကော်မရှင်တိုက်တွန်း
DVB
·
January 14, 2015
ဒေါ်ခင်ဝင်းသေဆုံးမှု ရဲကို အရေးယူရန် ကော်မရှင်တိုက်တွန်း
1 / 2
Donate to DVB

လက်ပံတောင်းတောင်ဧရိယာ ခြံစည်းရိုးတိုးချဲ့ကာစဉ် လုံခြုံရေးစီမံချက် ကွပ်ကွဲမှုအဖွဲ့က တာဝန်ရှိသူတွေနဲ့ ညွှန်ကြားချက်ကို မလိုက်နာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

Daw Khin Winဇန်န၀ါရီလ ၁၄ ရက်နေ့ထုတ် ကော်မရှင်ရဲ့ အစီရင်ခံစာမှာ မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်းဟာ သေနတ်ကျည်ထိမှန်သေဆုံးခဲ့တာ ဖြစ်ကြောင်း ဖော်ပြထားပြီး ရဲကွပ်ကဲမှုတပ်ဖွဲ့မှာ လုံခြုံရေးစီမံချက်ပါ ပစ္စည်းပစ္စယ လုံလုံလောက်လောက် မရှိတဲ့အပြင် ရဲတပ်ဖွဲ့ကိုင်တွယ်နှိမ်နင်းပုံ အားနည်း တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က အထူးသဖြင့်တော့ ဒေါ်ခင်ဝင်သေဆုံးမှုမှာ ကွပ်ကဲခဲ့တဲ့ ရဲတွေကို အရေးယူဖို့ဆိုလိုတာ ဖြစ်တယ်လို့ ပြောပါတယ်။
“အဓိကကတော့ ဒေါ်ခင်ဝင်းဖြစ်တဲ့အချိန်မှာ ရှိတဲ့ ရဲတပ်ဖွဲ့ရယ် ကွပ်ကဲတဲ့အဖွဲ့ပေါ့ဗျာ” လို့ ပြောပါတယ်။

ဒေါ်ခင်ဝင်း သေဆုံးသည့် နေရာဟာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ စီမံကိန်းဧရိယာအတွင်း ဖြစ်ကြောင်း၊ အလောင်းကို ရင်ခွဲစစ်ဆေး ပေမယ့် မည်သည့်သေနတ်၊ မည်သည့် ကျည်ဆန်ဖြင့် မည်သည့် အကွာအဝေးမှ ထိမှန်သည်ကို ၂-၁-၂၀၁၅ ရက်နေ့ထိ လက်နက် ကျွမ်းကျင်သူ၏ ထင်မြင်ချက် (Expert Opinion) မရရှိသေးဘူးလို့ ကော်မရှင်အစီရင်ခံစာက ဆိုပါတယ်။

ဒေါ်ခင်ဝင်းသေဆုံးတဲ့အတွက် သေမှုသေခင်း အမှုဖွင့်ထားတာကို ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သင့်တယ်လို့ ကော်မရှင်က အကြံပြုပြီး ကြေးနီစီမံကိန်းနဲ့ဆိုင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ထိခိုက်နစ်နာမှုတွေ ထပ်မဖြစ်အောင် လုံခြုံရေးကိစ္စတွေကို အဘက်ဘက်က အပြန်ပြန်အလှန်လှန်သုံး သပ်အကောင်အထည်ဖော်သင့်တယ်လို့ လည်း တိုက်တွန်းထားပါတယ်။

အဓိကရုဏ်းဖြစ်စဉ်မှာ ရွာသူ ဒေါ်ခင်ဝင်း သေဆုံးပြီး ရွာသူ၊ ရွာသား ၁၀ ဦးထိခိုက်ဒဏ်ရာရခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအုပ် ၁ ဦး၊ ဒုရဲအုပ် ၂ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦး၊ ရဲတပ်ကြပ် ၂ ဦး၊ ရဲဒုတပ်ကြပ် ၁ ဦးနှင့် ရဲတပ်သား ၄ ဦး စုစုပေါင်း ၁၁ ဦး ၊ မြန်မာဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသား အင်ဂျင်နီယာ ၁ ဦးအပါအဝင် တရုတ်နိုင်ငံသား အလုပ်သမား ၉ ဦးတို့လည်း ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဆိုပါတယ်။

အဓိကရုဏ်းကို လူစုလူဝေးဖြိုခွဲရေး သေနတ် များအပါအဝင် .၃၀၃ ရိုင်ဖယ်သေနတ် ၁ လက်ကို အသုံးပြု ပစ်ခတ်လူစုခွဲမှသာ အကြမ်းဖက် ရွာသူ၊ ရွာသားများ နောက်ဆုတ်သွားကြတယ်လို့ ဆိုပါတယ်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌက “အစီရင်ခံစာမှာ အကြမ်းဖက်ရွာသားတွေလို့ သုံးနှုန်းတာကတော့ ပုဒ်မ ၁၄၄ ထုတ်ပြန် ထားတဲ့ ဧရိယာထဲ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြကြတာမို့ သွားစစ်တဲ့အဖွဲ့က အဲ့ဒီလို သုံးလိုက်တာပါ” လို့ ဖြေပါတယ်။

ဒီဖြစ်စဉ်မှာ တုတ်၊ ဓား၊ လေးဂွ၊ တံစဉ်တွေကိုင်ဆောင်တဲ့ ရွာသူ ရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့အကြားနီးကပ်လုံးထွေးပြီး ကွပ်ကဲမှုပျက်ယွင်းတာ ကို ဖော်ပြထားပါတယ်။
လက်ပံတောင်းတောင် အဓိကရုဏ်းဖြစ်စဉ်ကို ဖော်ထုတ်ဖို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးကလည်း အဖွဲ့ဝင် ၃ ဦးပါ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013