DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသား ၉ ဦးကို လူသတ်မှုဖြင့် မလေးရှား တရားစွဲ
DVB
·
January 14, 2015
မြန်မာနိုင်ငံသား ၉ ဦးကို လူသတ်မှုဖြင့် မလေးရှား တရားစွဲ
Donate to DVB

မြန်မာနိုင်ငံသား ၉ ဦးကို တနိုင်ငံသား လူ၅ ဦး သတ်မှုနဲ့ မလေးရှားနိုင်ငံ တာဝန်ရှိသူတွေက ဒီကနေ့ စွဲချက်တင်လိုက်ပါတယ်။

NEWSစွပ်စွဲခံ ၉ ဦးအနက် တချို့ကို လူသတ်မှု ၂ ခုနဲ့ စွဲချက်တင်ထားတယ်လို့ မလေးရှား နယူးစထရိတ်တိုင်မ်း သတင်းမှာ ရေးပါတယ်။

စွပ်စွဲခံရသူတွေကတော့ ဘီလာ မိုဟာမက် ဂူလမ်၊ မိုဟာမက် ရာဖစ်၊ ဟာဖဇ် အာမက်၊ ဟာဘီဘူလာ၊ ရာဖီရှာဖီးလ်း၊ ယာဆင်း၊ ဟူစိန် ဆွာလေး၊ စိုးမောင်မောင်နဲ့ အလီတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်နှစ် နိုဝင်ဘာ ၂၃ က ကိုမျိုးအောင်နဲ့ အမည်မဖော်နိုင်တဲ့ မြန်မာနိုင်ငံသားတွေကို သတ်မှုနဲ့ စွပ်စွဲထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘီလာ မိုဟာမက် ဂူလမ်၊ မိုဟာမက် ရာဖစ်၊ ဟာဖဇ် အာမက်နဲ့ တခြား လွတ်နေတဲ့သူ ၁ ဦးကိုတော့ အောက်တိုဘာ ၁၅ ရက်က ကိုထူးအောင်ကို သတ်မှုနဲ့ ထပ်မံ စွဲချက်တင်ထားပါတယ်။

ဒါအပြင် ဘီလာ မိုဟာမက် ဂူလမ်၊ မိုဟာမက် ရာဖစ်၊ ဟာဖဇ်၊ အလီနဲ့ တခြား လွတ်မြောက်နေတဲ့သူ တဦးကိုတော့ ကိုထွန်းယဉ်မောင်နဲ့ ကိုကျော်သန်းလှတို့ကို ဆီအုန်း စိုက်ခင်းထဲမှာ အောက်တိုဘာ ၁၄ ရက်က သတ်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။

အပြစ်ရှိကြောင်းတွေ့ရှိမယ်ဆိုရင်တော့ ဒီစွပ်စွဲခံရသူတွေက သေဒဏ်အထိ ကျခံနိုင်တယ်လို့ ဆိုပါတယ်။ ဒီအမှုနဲ့ သံသယရှိသူ ၄ ဦးကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

အရင်နှစ်အစောပိုင်းကတည်းက မြန်မာ နိုင်ငံသား ၂၁ ဦး ပီနန်မှာ အသတ်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သလို သူတို့ရဲ့ အလောင်းတွေကိုလည်း အ၀တ်စတွေနဲ့ ထုတ်ပြီး လမ်းဘေးမှာ စွန့်ပစ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013