DVB Logo
Home
မြန်မာသတင်း
တောင်ကြီးမြေသိမ်းဆန္ဒပြဦးဆောင်သူများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် တိုင်ကြား
DVB
·
January 14, 2015
တောင်ကြီးမြေသိမ်းဆန္ဒပြဦးဆောင်သူများကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် တိုင်ကြား
Donate to DVB

10893188_438709752945726_848639028_oရှမ်းပြည်နယ် တောင်ကြီးမြို့က ဇန်န၀ါရီ ၈ ရက်နေ့ မြေသိမ်းဆန္ဒပြပွဲကို ဦးဆောင်တယ်ဆိုပြီး အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နှင့်ပွင့်လင်းလူ့ အဖွဲ့ အစည်းက ဒေသဆိုင်ရာခေါင်းဆောင်နှစ်ဦးကို ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(ပီအယ်လ်အို) ပါတီက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။

အန်အယ်လ်ဒီ တောင်ကြီးခရိုင် ဥက္ကဋ္ဌဦးတင်မောင်တိုးနဲ့ ၈၈ ပွင့်လင်း (ငြိမ်းပွင့်) ရှမ်းပြည်နယ်က ဦးနေမျိုးတို့ရဲ့ ဆောင်ရွက်ချက်ဟာ ပါတီနဲ့ ပအိုဝ်း ပြည်သူ့စစ်တို့ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေသလို ပါတီအချင်းချင်း၊ အဖွဲ့အချင်းချင်းကြားနဲ့ ပြည်သူတို့ရဲ့ အထင်အမြင် လွဲမှားစေတယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံ လိပ်မူတပ်ပေးပို့တဲ့ စာမှာ ဖော်ပြပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်မှာအပစ်ရပ်စဲခဲ့တဲ့ ပအို့အမျိုးသားအဖွဲ့ချုပ်လက်နက်ကိုင်အဖွဲ့ (PNO) နဲ့ ၂၀၁၀ ခုနှစ်မှာ ထူထောင်တဲ့ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) မတူတာကို ရှင်းပြထားပါတယ်။ ဒါကြောင့် ပအို့ဝ်းဒေသက မြေယာထိန်းသိမ်းမှုဟာ ပအို့ဝ်လက်နက်ကိုင်အဖွဲ့အစည်းအဆက်ဆက်ကတည်းကလုပ်ဆောင်ခဲ့တဲ့ကိစ္စဖြစ်တဲ့အတွက် လေးနှစ်သက်တမ်းသာရှိသေးတဲ့ သူတို့ပါတီနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းထားပါတယ်။

တောင်ကြီးခရိုင် အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဆန္ဒပြမှုကို ဦးဆောင်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချလိုက်ပြီး ကာယကံရှင်ကိုယ်တိုင် ဦးစီး ဆောင်ရွက်ကြတာလို့ ပြောပါတယ်။

“ရွာသားတွေကို ကျနော်တို့က လမ်းပေါ် ခေါ်ထုတ်လာတာ မဟုတ်ပါဘူး။ သူတို့မြေတွေ အသိမ်းခံရတာ နိုင်ငံတော်အစိုးရရော၊ သက်ဆိုင်ရာကော်မရှင်တွေပါ ၃- ၄ ကြိမ် စာတင်တာ မဖြေရှင်းပေးလို့ ရွာပေါင်း ၁၀ ကျော်ကနေ လူ ၃၀ ဦးပါ ကော်မတီ ဖွဲ့စည်းပြီး အဲဒီ ကော်မတီက ဦးဆောင်ဆန္ဒပြတာ ဖြစ်ပါတယ်။ ဒါက ခွင့်ပြုချက်တောင်းတဲ့ အထဲမှာလည်း ပါတယ်။ နိုင်ငံရေးအမြတ်ထုတ်ရအောင်လဲ ကျနော်က ရွေးကောက်ပွဲ ၀င်မှာ မဟုတ်ပါဘူး။”

တောင်ကြီး၊ ဟိုပုန်း၊ ရပ်စောက်နဲ့ ဆီဆိုင်မြို့နယ် ၄ ခုက ဒေသခံတွေဟာ ဇန်န၀ါရီ ၈ ရက်နေ့က မြို့တွင်းစီတန်းလှည့်လည်ပြီး “မြေသိမ်း PNO/PNA အလိုမရှိ၊ မြေလုယူရောင်းစားမှု ချက်ခြင်းရပ်” စတဲ့ ကြွေးကြော်သံတွေအော်ဟစ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

၁၉၉၁ ခုနှစ်မှာ ဥပဒေဘောင်တွင်း ၀င်ရောက်ခဲ့တဲ့ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်ဟာ ၂၀၀၉ ခုနှစ် စက်တင်ဘာမှာ ဌာနေပြည်သူ့စစ်အသွင်ကူးပြောင်းခဲ့ပြီး ၂၀၁၀ မှာတော့ ပါတီဖွဲ့စည်းပြီး ရွေးကောက်ပွဲဝင်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013