DVB Logo
Home
မြန်မာသတင်း
သီတဂူဆရာတော် မဘသ အဖွဲ့နှင့် မဆက်နွှယ်ကြောင်း ကြေညာ
DVB
·
January 14, 2015
သီတဂူဆရာတော် မဘသ အဖွဲ့နှင့် မဆက်နွှယ်ကြောင်း ကြေညာ
Donate to DVB

အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ်များအဖွဲ့ဥက္ကဋ္ဌ သီတဂူဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်ဉာဏိဿ  ရဟာ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုအဖွဲ့ရဲ့ အဓိပတိ၊ မန္တလေး မလွန်ဆန်လှူအသင်းကြီးရဲ့ သြ၀ါဒစရိယမှတပါး မြန်မာနိုင်ငံတွင်း တခြားသော မည်သည့် ဘာသာရေးအသင်းအဖွဲ့၊ လူမှုရေးအဖွဲ့၊ နိုင်ငံရေးအဖွဲ့ စသည်တွေ မှာ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခြင်းမရှိကြောင်း သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ရဲ့ စီမံအုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ကြေညာပါတယ်။

Thitaguသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးကောဝိဒက ဒီထုတ်ပြန်ကြေညာချက်ကို သီတဂူဆရာတော်ဘုရားကြီးရဲ့ မိန့်ကြားချက်အရ ဆောင်ရွက်တာလို့ မိန့်ပါတယ်။

ဆရာတော် ဦးကောဝိဒက “အဲဒီကြေညာချက် ကွန်ဖန်းဖြစ်ပါတယ်ဆိုတာကို ဦးဇင်းပြောပါတယ်။ အွန်လိုင်းမှာ ဦးဇင်းတင်ထားတာပါ။ စီမံအုပ်ချုပ်ရေးအဖွဲ့ကနေ ဆောင်ရွက်ပေးရတာပါ။ ဦးဇင်းက ဆရာတော်ကြီးရဲ့ မိန့်ကြားချက်အတိုင်း ဆောင်ရွက်ရတာဆိုတော့ ဒီသတင်းထုတ်ပြန်မှုကိုလည်း ဆရာတော်ကြီးရဲ့ မိန့်ကြားချက်အတိုင်း ထုတ်ပြန်ရတာပါ”လို့ မိန့်ကြားပါတယ်။

သီတဂူဆရာတော်ဘုရားကြီးဟာ အမျိုးဘာသာ သာသနာ ဘာသာပြန့်ပွားရေးအဖွဲ့မှာ ဒုတိယဥက္ကဋ္ဌ တာဝန်ကနေ နုတ်ထွက်ခဲ့ပါသလားလို့ မေးမြန်းလျောက်ထားရာမှာ  ဆရာတော် ဦးကောဝိဒက

“အဲဒါကို ဦးဇင်းသဘောမပေါက်ဘူး။ ဦးဇင်းကလည်း အဲဒီအစည်းအဝေးကို ဦးဇင်းကိုယ်တိုင် တက်ဖူးတာမဟုတ်တော့လေ။ ဆရာတော်ကြီးက နဂိုကတည်းက အဲဒီအဖွဲ့အစည်းထဲမှာပါ၊ မပါဆိုတာ ဦးဇင်းလည်း မသိဘူး။ ဘာဖြစ်လို့ နုတ်ထွက်တာဆိုတာကိုလည်း ဦးဇင်းက မသိဘူး။ ဦးဇင်းက ဆရာတော်ကြီးရဲ့ မိန့်ကြားချက်အတိုင်း ထုတ်ပြန်တာပါ။ ဘာမှ ထင်မြင်ချက်ပေးစရာ မရှိပါဘူး” လို့ မိန့်ကြားပါတယ်။

အမျိုးဘာသာ သာသနာ ပြန့်ပွားရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ရွာမပရိယတ္တိ စာသင်တိုက် (အင်းစိန်)၊ နိုင်ငံတော် သြဝါဒစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တ တိလောကာ ဘိဝံသကို မေးမြန်းလျောက်ထားရာမှာ ဆရာတော်ကြီးက “ဟုတ်တယ်။ သူက ဒီ ပထမအကြိမ် အောင်ဆန်းတပ်ဦးတောရကျောင်းရဲ့ ညီလာခံ၊ ပထမအကြိမ် ညီလာခံမှာ သူကိုယ်တိုင် ဒုတိယဥက္ကဋ္ဌဖြစ်ပါတယ်ဆိုတာ လက်မှတ်ထိုးပြီးတော့ ၀င်ထားတာ မှန်တယ်။ ၂ နှစ်သက်တမ်းလောက်ရှိပြီ ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်ခဲ့တာလည်းပဲ အခု တို့ဆီမှာလည်းပဲ ဒါကို သူမလုပ်လိုပါဘူးဆိုတဲ့အကြောင်းလည်းပဲ ပြောတာ၊ အကြောင်းမကြားဘူး။ စာတင်တာလည်း ဘာမှ မရှိဘူးပေါ့။ အဲဒီသဘောပဲတို့က သိတယ်။ သို့သော် သူ့ဟာသူ ကြေညာတဲ့ အခြေအနေကတော့ အကြောင်းအမျိုးမျိုး ရှိကောင်းရှိမယ်ပေါ့။ တို့နဲ့လည်း ဘာမှတော့ ဟိုဒင်းတော့ ပြဿ  နာတော့ မရှိဘူး။ တခုရှိတာက သူ ဟိုတလောတုန်းက အီရန်နိုင်ငံကို သွားတယ်။ ဟိုမှာအခြေအနေတွေက နည်းနည်းလေး သူ ပတ်ဝန်းကျင်ဂယက်ရိုက်သွားတဲ့သတင်းတွေ မြောက်မြားစွာရှိတယ်။ ဒါလေးကို သူ ပါးပါးနပ်နပ် ရှောင်လွှဲတာဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ တို့နဲ့တော့ အဆက်အသွယ်တော့ မပြတ်ပါဘူး။ လက်ရှိအခြေအနေအရ သူက ဘယ်ထဲမှ မပါဝင်သေးဘူးဆိုတဲ့ ပုံစံနဲ့ အခုပြောတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ မှန်ပါတယ်” လို့ မိန့်ကြားပါတယ်။

အဖွဲ့ရဲ့ရည်ရွယ်ချက်ထဲမှာ ပဋိပက္ခ မဖြစ်ရန် အသိပညာပေး တားဆီးရန်၊ နိုင်ငံသားများ ညီညွတ်မှု၊ စည်းကမ်းရှိမှုဖြင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး စည်းရုံးရန်၊ အမျိုးဘာသာ သာသနာကို တရားဥပဒေနှင့်အညီ ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ဖွဲ့စည်းတာဖြစ်ပါတယ်။

နိုင်ငံတ၀န်းမှာ မဘသ လို့ လူသိများထင်ရှားတဲ့  အမျိုးဘာသာ သာသနာပြန့်ပွား ရေးအဖွဲ့ဟာ မျိုးစောင့်ဥပဒေ ပေါ်ထွန်းရေးဆောင်ရွက်ချက်ကြောင့် လူ့အခွင့်အရေးအဖွဲ့ တွေရဲ့ ဝေဖန်မှုနဲ့ ကြုံတွေနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013