DVB Logo
Home
မြန်မာသတင်း
ဒုတိယအကြိမ် မြန်မာအမေရိကန် လူ့အခွင့်အရေးဆွေးနွေးပွဲ စတင်
DVB
·
January 14, 2015
ဒုတိယအကြိမ် မြန်မာအမေရိကန် လူ့အခွင့်အရေးဆွေးနွေးပွဲ စတင်
Donate to DVB

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ လူ့အခွင့်အရေးကိစ္စတွေ ဆွေးနွေးမယ့် ဒုတိယအကြိမ်မြောက် အမေရိကန်-မြန်မာ လူ့အခွင့်အရေးဆွေးနွေးပွဲကို နေပြည်တော်မှာ ဒီကနေ့မနက် စတင်ကျင်းပနေပါတယ်။

[caption id="attachment_77065" align="alignright" width="432"]ဓာတ်ပုံ - အမေရိကန်သံရုံး ဓာတ်ပုံ - အမေရိကန်သံရုံး[/caption]

ဆွေးနွေးပွဲကို ၂ ရက်ကျင်းပသွားမှာ ဖြစ်သလို ဆွေးနွေးပွဲအပြီးမှာတော့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းထုတ်ပြန်မယ်လို့ ကြေညာထားပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အမေရိကန် ဒီမိုကရေစီလူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တွမ် မာလင်နော့ စကီးနဲ့ မြန်မာနိုင်ငံခြားရေးဌာန အဆင့်မြင့် ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်နေပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကိစ္စ၊ မီဒီယာလွတ်လပ်ခွင့်၊ အလုပ်သမားနဲ့ မြေယာ အခွင့်အရေးဆိုင်ရာ ကိစ္စတွေ ဆွေးနွေးကြမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့ကတော့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ အချက်အလက် စုဆောင်းတဲ့အနေနဲ့ အမျိုးမျိုးသော အရပ်ဘက် အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်မြစ်ကြီးနားက ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် စခန်းကိုလည်း သွားရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013