DVB Logo
Home
မြန်မာသတင်း
ဦးဘရန်ရှောင်၏ တရားလို ဗိုလ်မှူး တရားရုံးသို့ လာရောက်
DVB
·
January 13, 2015
ဦးဘရန်ရှောင်၏ တရားလို ဗိုလ်မှူး တရားရုံးသို့ လာရောက်
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မှာဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း သမီးသေဆုံးခဲ့ရမှုကို ဖော်ထုတ်ပေးဖို့ သမ္မတထံ တိုင်ကြားရင်း တရားစွဲခံရတဲ့ ဦးဘရန်ရှောင်ရဲ့ တရားလို ဗိုလ်မှူး ဇာနည်မင်းပိုက်ဟာ လအတန်ကြာ တရားရုံးတော်ရဲ့ဆင့်ခေါ်မှုကို ပျက်ကွက်ခဲ့ပြီးနောက် ဖားကန့်တရားရုံးကို မနေ့က ပြန်လည်လာရောက်ခဲ့ပါတယ်။

[caption id="attachment_77026" align="alignright" width="430"]600x361xunnamed-copy.jpg.pagespeed.ic.G-zeJYf27W ၂၀၁၂ ခုနှစ် စက်တင်ဘာလက သေဆုံးသူ မဂျာဆိုင်းအိန် ဈာပနအခမ်းအနား ပြုလုပ်စဉ်[/caption]

၂၀၁၃ ခုနှစ်က စတင်ခဲ့တဲ့ ဒီအမှုမှာ တရားလို ဗိုလ်မှူးယဉ်မင်းပိုက်ကို ရုံးတော်က အကြိမ်ကြိမ် ဆင့်ခေါ်ပေမယ့် မလာရောက်လို့ အမှုကြန့်ကြာနေသလို မနေ့က အကြိမ် ၅၀ မြောက် ရုံးချိန်းမှာတော့ လာရောက်တယ်လို့ ဦးဘရန်ရှောင်က ပြောပါတယ်။

“ကျနော်ရှေ့နေက ထပ်မံစစ်ဖို့ ကျန်နေတဲ့အရာတွေကို ထပ်စစ်တယ်လို့ ကျနော်ကတော့ အဲလို ပြောရမှာပေါ့” လို့ ဦးဘရန်ရှောင်က ပြောပါတယ်။

ဒီကနေ့ ၅၁ ကြိမ်မြောက် ရုံးချိန်မှာတော့ ဦးဘရန်ရှောင်နဲ့ တရားလိုပြ သက်သေတွေကို စစ်ဆေးခဲ့တယ်လို့ သူက ပြောပါတယ်။

ဦးဘရန်ရှောင်ရဲ့ သမီး ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန်ဟာ ၂၀၁၂ စက်တင်ဘာလက ကချင်ပြည်နယ်မြောက်ပိုင်း ဖားကန့်ဒေသမှာ ကျောင်းဝတ်စုံနဲ့ ကျောင်း အပြန်မှာ အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ်မှာ လက်နက်ခဲယမ်း ထိမှန် ဒဏ်ရာရရှိပြီးနောက် သေဆုံးခဲ့ပါတယ်။

ဒီကိစ္စကို ဖော်ထုတ်ပေးဖို့ ဦးဘရန်ရှောင်က နိုင်ငံအကြီးအကဲနဲ့ တပ်ဘက်၊ နယ်ဘက် တာဝန်ရှိသူတွေ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့ထံ တိုင်တန်းရာမှာ တပ်မတော်ဘက်က ပစ်ခတ်တဲ့ သေနတ်ထိမှန်သေဆုံးတယ်လို့ တိုင်တန်းမှုကြောင့် မမှန်မကန်လိမ်လည် တိုင်တန်းမှုနဲ့ တပ်မတော်ဘက်က တရားစွဲထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013