DVB Logo
Home
မြန်မာသတင်း
နော်အုန်းလှနှင့် ဦးနေမျိုးဇင်တို့ကို ရုံးထုတ်ပေမယ့်အမှုမစစ်ဘဲ ရုံးပြန်ချိန်း
DVB
·
January 13, 2015
နော်အုန်းလှနှင့် ဦးနေမျိုးဇင်တို့ကို ရုံးထုတ်ပေမယ့်အမှုမစစ်ဘဲ ရုံးပြန်ချိန်း
Donate to DVB

ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ညက ဆန္ဒပြလို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ နော်အုန်းလှ၊ ဦးနေမျိုးဇင်၊ ဒေါ်စိန်ဌေးနဲ့ တင်ထွဋ်ပိုင် တို့ကို ဒီကနေ့ ဒဂုံမြို့ နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပေမယ့်အမှု စစ်ဆေးခြင်းမရှိခဲ့ဘူးလို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

[caption id="attachment_77022" align="alignright" width="443"]ဓာတ်ပုံ - ကိုမင်းနေထူး ဓာတ်ပုံ - ကိုမင်းနေထူး[/caption]

“၄ ယောက်ကိုပဲ ဖမ်းမိသေးတဲ့အတွက် အမှုကို စစစ်လို့ မရသေးဘူး။ အဲတော့ ၂၀ ရက်နေ့ကိုပြန်ချိန်းတယ်။ ချိန်းပြီးမှ ဒေါ်ဆန်းဆန်းဝင်း (ခေါ်) ဒေါ်လေးလေးက လာပြီး သူ့ကို အမှုထဲထည့်ထားတယ်ဆိုလို့ လာပြီးအဖမ်းခံတယ်။ အဲတော့ သူ့ကိုပါ ပေါင်းလိုက်တော့ ၄ ယောက်ဖြစ်သွားတယ်။”

ဒါပေမယ့် အမှုထဲမှာ ပန်းဘဲတန်းက ကိုသန့်ဇင်နဲ့ ဒေါ်မြညွှန်ဆိုတဲ့သူ ၂ ယောက်ကျန်နေသေး တယ်လို့ ဆိုပါတယ်။

သူတို့ ၇ ဦးကို ၀တ်ရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၅ ခုတပ်ပြီး ဒဂုံမြို့နယ်က တရားစွဲဆိုတာလို့ ရှေ့နေ ဦးရောဘတ် ဆန်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖြစ်တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တရုတ်သံရုံးရှေ့မှာ လူရာနဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြမှုအတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ဒဂုံမြို့နယ်ရှိ တရုတ်သံရုံးရှေ့ကို ဖြတ်လျှောက် ဆန္ဒပြဖို့ ခွင့်တောင်းတာကို လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဖြတ်ကျော်ဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013