DVB Logo
Home
မြန်မာသတင်း
အမေရိကန်လူ့အခွင့်အရေးကိုယ်စားလှယ်နှင့် လူထုအခြေပြုအဖွဲ့အစည်းများ တွေ့
DVB
·
January 13, 2015
အမေရိကန်လူ့အခွင့်အရေးကိုယ်စားလှယ်နှင့် လူထုအခြေပြုအဖွဲ့အစည်းများ တွေ့
Donate to DVB

[caption id="attachment_77016" align="alignright" width="440"]ဓာတ်ပုံ - အမေရိကန်သံရုံး ဓာတ်ပုံ - အမေရိကန်သံရုံး[/caption]

ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အလုပ်သမားရေးရာဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး တွမ်မာလင်နော့စကီးနဲ့ မြန်မာ့လူထုအခြေပြုအဖွဲ့အစည်း ကိုယ်စား လှယ်တွေ ရန်ကုန်မြို့မှာ မြန်မာလူ့အခွင့်အရေး အခြေအနေကို ဆွေးနွေးကြပါတယ်။

နိုင်ငံရေးအကျဉ်းသား၊ ရှေ့နေ၊ လူ့အခွင့်အရေး၊ အမျိုးသမီးရေး၊ မသန်စွမ်းရေးရာတွေကို ဆောင်ရွက်နေတဲ့ လူထုအခြေပြုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ အမေရိကန်သံရုံးမှာ ဒီကနေ့ ဆွေးနွေးကြတာဖြစ်ပါတယ်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ အစိုးရနဲ့ ၂ ရက်ကြာ ဆွေးနွေးဖို့ ရှိနေတဲ့အတွက် အခုလို မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အကြိုတွေ့ဆုံပြီး အချက်အလက် တွေရယူတာဖြစ်ပါတယ်။

ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းက “နိုင်ငံရေး အကျဉ်းသားနဲ့ ဒီမိုကရေစီ ပြောင်းလဲမှု အပိုင်းကို အဓိကထားဆွေးနွေးပါတယ်။ နိုင်ငံရေး အကျဉ်းသား ကိစ္စကို အဓိကထားမေးတာ ရှိတယ်၊ အကျဉ်းသားကော်မတီနဲ့ ပတ်သက်ပြီး ဆွေးနွေးတာရှိတယ်၊ နောက်ပြီး လူ့အခွင့်အရေး အခြေအနေတွေကို သုံးသပ်မှု လုပ်ပါတယ် ” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

အမေရိကန် လူ့အခွင့်အရေး ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာပြည်ခရီးစဉ်အတွင်း ကချင်ပြည်နယ် မြစ်ကြီးနားက ရွှေ့ပြောင်း ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ပြည်ထောင်စုကိုယ်စားလှယ် Samantha Power  က ဇန်န၀ါရီလ ၁၂ ရက်နေ့က မြန်မာနိုင်ငံအခြေအနေ ပြောဆိုရာမှာ  ရခိုင်ပြည်နယ်က လူသားချင်းစာနာမှု အခြေအနေတွေ ဆိုးရွားနေမှုနဲ့ နိုင်ငံသားအဖြစ် စိစစ်ခံရဖို့အတွက် ရိုဟင်ဂျာအမည် သုံးစွဲခွင့်ပိတ်ပင်မှုနဲ့ စာနယ်ဇင်းသမားတွေကို ထောင်ဒဏ်စီရင်မှုကိုလည်း  ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013