DVB Logo
Home
မြန်မာသတင်း
လမ်းစီမံကိန်းတွင် သုံးစွဲမည့် ကျောက်ကောက်ခံမှု မွန်ပြည်သစ်ပါတီ ပိတ်ပင်
DVB
·
January 13, 2015
လမ်းစီမံကိန်းတွင် သုံးစွဲမည့် ကျောက်ကောက်ခံမှု မွန်ပြည်သစ်ပါတီ ပိတ်ပင်
Donate to DVB

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသက နှစ်နိုင်ငံသွယ်တန်းတဲ့ ကားလမ်းစီမံကိန်းမှာ သုံးစွဲတဲ့ လမ်းခင်းကျောက်အတွက်ရတဲ့ အကျိုးအမြတ်ကို မွန်ပြည်သစ်ပါတီက ပိတ်ပင်ရ ယူသွားတဲ့အပေါ် နစ်နာရသူခြံရှင်က ပြည်တွင်းမွန်ပါတီတွေကို တိုင်ကြားခဲ့ပါတယ်။

လေးလမ်းသွားမော်တော်ကား လမ်းဖောက်လုပ်ရာမှာ ကျောက်ကားတစီးတိုင်းအတွက် ကုမ္ပဏီက တူးခွင့်ပြုတဲ့ခြံရှင်ကို ထိုင်းဘတ်ငွေ ၁၂၀ ပေးချေရပြီး မွန်ပြည်သစ်ပါတီကို ဘတ်ငွေ ၃၅၀ ပေးရတယ်လို့ ဆိုပါတယ်။

Thai - Myanmar Border crossing Three Pagoda Pass Kanchanaburi northern Thailand 3လွန်ခဲ့တဲ့ရက်ပိုင်းမှာ မွန်ပြည်သစ်ပါတီက ခြံရှင်ရယူနေတဲ့ အခကြေးငွေကိုပါ ရယူမှာဖြစ်ကြောင်းနဲ့ ခြံရှင်ကို အသိပေးခဲ့ပြီးနောက် မကျေနပ်လို့ တိုင်ကြားတာဖြစ်ပါတယ်။

နစ်နာခဲ့တဲ့ မိသားစုဝင် မိအေးခိုင်က ဘုရားသုံးဆူမြို့နယ် ကြံတောရွာမှာ လက်ဆင့်ကမ်း ၀ယ်ယူ ရောင်းချလာတဲ့ မြေကွက်တွေကို မွန်ပြည်သစ်ပါတီက အဖွဲ့အစည်းနဲ့သာ သက်ဆိုင်တယ်လို့ ပြောဆိုလာတဲ့အတွက် ရှေ့လျှောက်လုပ်ကိုင်စားသောက်ရေး တွေးပူ နေရကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“ကျမတို့ခြံဘက်မှာ လမ်းခင်းတဲ့ ကုမ္ပဏီက ကျောက်တွေ တူးယူနေတာ အရင်ကဆို ၁၀ ဘီးကားတစီးစာကို ထိုင်းဘတ် ၁၂၀ ရကြပါတယ်။ အဲဒါ ဒီလကစပြီး မရတော့ဘူး။ မွန်ပြည်သစ်ပါတီကပဲ ယူမယ်လို့ ပြောတယ်။ ဒီလ ၈ ရက်နေ့က မွန်ပြည်သစ်ပါတီရဲ့ မြို့နယ်ဥက္ကဋ္ဌက အဖေတို့ အမေတို့ကို ခေါ်ပြောပါတယ်ရှင့်။ အဲဒါ ခြံပိုင်ရှင်နဲ့ လုံးဝ မဆိုင်တော့ဘူး၊ အဖွဲ့နဲ့ဘဲ ဆိုင်တယ်ပေါ့။ အဲဒီမြေပေါ်မှာ အဖေက အိမ်ဆောက်ချင်တယ်လို့ ပြောတယ်။ အဲဒါလည်း မရဘူး၊ ဌာနချုပ်ဆီ စာတင်ရမယ်လို့ ပြောပါတယ်။ ဒီခြံတွေက လွန်ခဲ့တဲ့ ၁၉၉၆ ခုက အဖေ၀ယ်ထားတာလေ။ ရာဘာပင်တွေ၊ ငှက်ပျောပင်တွေလည်း စိုက်ထားတယ်။ အခုလိုကြားတော့ ကျမတို့ တအိမ်လုံးစိတ်ဓာတ်ကျတယ်။ ရှေ့ဆက်ဘယ်လိုနေမလဲဆိုတာ စဉ်းစားလို့ မရဘူး။”

ဘုရားသုံးဆူမြို့နယ်မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ချမ်းတိန်းမွန်ကို မေးမြန်းရာမှာ အဲဒီဒေသ ဟာ ပါတီထိန်းချုပ်နယ်မြေထဲမှာ ရှိတဲ့အတွက် မြေပေါ်မြေအောက်သယံဇာတတွေဟာ ပါတီအဖွဲ့အစည်းနဲ့သာ သက်ဆိုင်ကြောင်း ဒီဗွီဘီကို ခုလိုပြောပါတယ်။

“အဲဒီကြံတောတောင်က သယံဇာတတွေ ရှိတဲ့တောင် ဖြစ်ပါတယ်။ အဲဒီလို သယံဇာတ ရှိတဲ့နေရာဟာ အစိုးရပိုင် သို့မဟုတ် အဖွဲ့အစည်းပိုင်ဘဲ ဖြစ်ရမယ်။ ပုဂ္ဂလိက တစုံတဦးအနေနဲ့ ရောင်းစားနေလို့ အသုံးချနေလို့ မရဘူးလေ။ သူတို့ အဲလိုလုပ်နေတာ ၁ နှစ်လောက်ရှိပြီ၊ အထက်က ညွှန်ကြားလာလို့ ကျနော်က ခေါ်ပြောလိုက်တာ၊ အထက်က စာကိုလည်း ပေးဖတ်တယ်။ ဒီတောင်က ပုဂ္ဂိုလ်ရေးအရ မပတ်သက်ဘူးလို့၊ အစိုးရနယ်မြေထဲဆို အစိုးရနဲ့ ပတ်သက်တာပေါ့။ အကောက်ခွန်ဌာနတွေ ဘာတွေနဲ့ ဆိုင်တာပေါ့။ ကြံတောရွာက မွန်ပြည်သစ် ထိန်းချုပ်နယ်မြေထဲမှာ ရှိတော့ အဖွဲ့နဲ့ဘဲဆိုင်တာပေါ့ဗျာ၊ ဒီတနေရာတည်း မဟုတ်ဘူး တခြားနေရာတွေရောပေါ့။”

သယံဇာတဆိုတဲ့နေရာမှာ မြေကြီးထဲကထွက်တဲ့ ကျောက်တုံးကျောက်ခဲတွေ၊ ရေထဲက ကျောက်စရစ်တွေပါ ပါဝင်ကြောင်း၊ ဒါပေမယ့် နှစ်တိုနှစ်ရှည် သီးနှံပင်တွေကတော့ စိုက်ပျိုးသူရဲ့ အပိုင်သာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

တိုင်တန်းချက် လက်ခံရရှိတဲ့ ဘုရားသုံးဆူ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအဖွဲ့ဝင် နိုင်သိန်းဇော်ကို မေးမြန်းကြည့်တဲ့အခါ ဒီကိစ္စဟာ စည်ပင်သာယာနယ်နိမိတ်အတွင်း မရှိတဲ့အ တွက် ဖြေရှင်းရ ခက်ခဲတယ်လို့ ပြောပါတယ်။

“သူတို့မှာ မြေဂရံတွေ၊ ပိုင်ဆိုင်မှု အထောက်အထားတွေ မရှိတော့ ပြောပေးရတာ ခက်တယ်ဗျ၊။ ကျနော်တို့ လုပ်ပေးနိုင်တာက ၂၀၁၂ လယ်ယာမြေဥပဒေနဲ့ ပတ်သက်တဲ့ အကြောင်း တွေ ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် သူတို့ စိုက်ပျိုးထားတဲ့ ရာဘာပင်တွေ၊ သီးပင်တွေကို စာရင်း ပြုစုဖို့၊ လုပ်ကိုင်နေတဲ့ ခြံဧရိယာတွေ တိုင်းတာပြီး ဓာတ်ပုံတွေ ဘာတွေ ရိုက်ထားဖို့၊ သက်သေအထောက်အထားတွေ စုထားဖို့ပေါ့။ အဲဒီဒေသမှာ ကုမ္ပဏီတွေက ဆက်ပြီးကျောက်ထုတ်မယ်ဆိုရင် သီးနှံတွေ ဆုံးရှုံးမှု မဖြစ်အောင်လို့ပေါ့။”

မွန်ပြည်သစ်ပါတီဟာ အစိုးရနဲ့ တပြည်လုံးအတိုင်းအတာ အပစ်ခတ်ရပ်ရေး ဆွေးနွေးနေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013