DVB Logo
Home
မြန်မာသတင်း
အလှမယ် သျှားထွဋ်အိန္ဒြာ အွန်လိုင်းဆုကြီး ၂ ခုအတွက် ယှဉ်ပြိုင်
DVB
·
January 13, 2015
အလှမယ် သျှားထွဋ်အိန္ဒြာ အွန်လိုင်းဆုကြီး ၂ ခုအတွက် ယှဉ်ပြိုင်
Donate to DVB

shedအမေရိကန်နိုင်ငံ၊ Florida International Universityမှာ ကျင်းပမယ့် ၆၃ ကြိမ်မြောက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ(Miss Universe Pageant) မှာ ယှဉ်ပြိုင်ဖို့ရောက်ရှိနေတဲ့ Miss Universe MYANMAR 2014 သျှားထွဋ်အိန္ဒြာက လက်ရှိမှာတော့ အွန်လိုင်းမဲပေးစနစ်ဖြစ်တဲ့ ဆုကြီး ၂ ခုအတွက် ယှဉ်ပြိုင်နေတယ်လို့ Miss Universe MYANMAR က သတင်းထုတ်ပြန်ပါတယ်။

Pageantry & Beauty Queens Organization ရဲ့ Award နဲ. Missosology People's Choice Award ဆုတွေပါ။ Pageantry & Beauty Queens Award ဆုမှာတော့ Miss Universe GUATEMALA 2014 နဲ့ အပြင်းအထန်ယှဉ်ပြိုင်နေပါတယ်။

Facebook account ရှိသူတွေအနေနဲ့ http://391856.tbits.me/ နဲ့ http://344115.tbits.me/ တွေမှာ မဲပေးနိုင်မှာဖြစ်ပါတယ်။

၆၃ ကြိမ်မြောက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ(Miss Universe Pageant) နောက်ဆုံးအဆင့်ကိုတော့ ဇန်န၀ါရီ ၂၅ ရက်နေ.ညပိုင်း (အမေရိကန်စံတော်ချိန် ၈ နာရီမှ ၁၁ နာရီ) အမေရိကန်နိုင်ငံ၊ မီယာမီဒေသမှာရှိတဲ့ Florida International University မှာ ကျင်းပမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ကမ္ဘာ့အလှမယ်ပြိုင်ပွဲ(Miss Universe Pageant)ကို နှစ်ပေါင်း ၅၀ ကျော်အတွင်း ၂၀၁၃ ခုနှစ်မှာ အလှမယ်ဂုဏ်ရည်အေးကျော်က ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် အလှမယ် သျှားထွဋ်အိန္ဒြာက သွားရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံများ - Miss Universe MYANMAR Facebook Page

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013