DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ပြုလုပ်မည်
DVB
·
January 13, 2015
ရန်ကုန်မြို့ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ် ပြုလုပ်မည်
1 / 5
Donate to DVB

အမေရိကန်နိုင်ငံ အခြေစိုက် ကမ္ဘာ့အမွေအနှစ်များရန်ပုံငွေအဖွဲ့(World Monuments Fund)နဲ့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ရန်ကုန်မြို့၏ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကို ဇန်န၀ါရီ ၁၅ ကနေ ၁၇ ရက်နေ့အထိ ရန်ကုန်မြို့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

World Monuments Fund ဥက္ကဋ္ဌ Bonnie Burnham က “သမိုင်းဝင် မြို့လယ်ရန်ကုန်ကို ထိန်းသိမ်းရာမှာ အရေးအကြီးဆုံး ဦးစားပေးအချက်က ဒီအမွေအနှစ်တွေက စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံကျတဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်တယ်ဆိုတာကို နိုင်ငံရဲ့ ခေါင်းဆောင်တွေကြားအောင် ပြောပြပေးဖို့ပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့လယ်ကို ၂၀၁၄ ခုနှစ် စောင့်ကြည့် စာရင်းမှာ ထည့်သွင်းလိုက်တဲ့အကြောင်း World Monuments Fund က ၂၀၁၃ ခုနှစ်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒီဖိုရမ်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ ရောမမြို့တော်ဝန်ဟောင်း Francesco Rutelli တို့က အဖွင့်အမှာစကား ပြောကြားမှာ ဖြစ်ပါတယ်။

ပြီးတော့ ကမ္ဘာအရပ်ရပ်က အမွေအနှစ်နဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ နိုင်ငံအဆင့်နဲ့ ဒေသဆိုင်ရာအစိုးရအဖွဲ့တွေ၊ ဥရောပသမဂ္ဂ၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ ကမ္ဘာ့ဘဏ်က တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးမယ်လို့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

World Monument Fund ဟာ ကမ္ဘာ့အနှံ့အပြားမှာရှိတဲ့ အထင်ကရ ဗိသုကာလက်ရာတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ထိပ်တန်းအဖွဲ့အစည်းတခု ဖြစ်ပါတယ်။
[gallery ids="76961,76962,76963,76964"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013