DVB Logo
Home
မြန်မာသတင်း
ကလေးငယ်ကိုသတ်သည့် အမျိုးသမီးကို ဆော်ဒီတွင် သေဒဏ်စီရင်
DVB
·
January 13, 2015
Donate to DVB

ကလေးငယ်တဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အမျိုးသမီးကို ခေါင်းဖြတ်စီရင်ပြီး ပြီလို့ ဆော်ဒီအာရေဗီးယား တာဝန်ရှိသူတွေက ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ကြေညာပါတယ်။

SAUDI-POLICE-SECURITYစီရင်ချက်ချမှတ်ခံရသူ အမျိုးသမီးဟာ အဗ္ဗဒူမူတာလက် ဘာဆင် ဖြစ်ပြီး ခင်ပွန်းသည်ရဲ့ အသက် ၆ နှစ်အရွယ် ကလေးကိုသတ်လို့ စီရင်တာလို့ ဆော်ဒီသတင်းတွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းက ရေးပါတယ်။ ဒီစီရင်မှုဟာ ဒီနှစ် ၁၂ ရက်အတွင်း ၇ ဦးမြောက် သေဒဏ်စီရင်ခံရမှု ဖြစ်တယ်လို့ ဆိုပါတယ်။

သေဒဏ်စီရင်ခံရသူဟာဟာ မြန်မာနိုင်ငံသားဖြစ်တယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြောပေမယ့် ဆော်ဒီအခြေစိုက် မြန်မာသံရုံးကတော့ နိုင်ငံကူးလက်မှတ်မတွေ့ရတဲ့အတွက် အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။

ဆော်ဒီနိုင်ငံမှာ မုဒိမ်းမှု၊ လူသတ်မှု၊ လက်နက်ကိုင် လုယက်မှု၊ ယုံကြည်ကိုးကွယ်တဲ့ ဘာသာကို စွန့်ပစ်မှုနဲ့ မူးယစ်ဆေး မှောင်ခိုမှုတွေဆိုရင် သေဒဏ်ပြစ်ဒဏ်ပေးလေ့ရှိပြီး မနှစ်က ၈၇ ဦးကို စီရင်ခဲ့တယ်လို့ ဆိုပါတယ်။

အီရန်၊ အီရတ်ပြီးရင်တော့ ဆော်ဒီအာရေဗီးယား တတိယမြောက် အများဆုံးသေဒဏ် စီရင်တဲ့ နိုင်ငံဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013