DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲကိစ္စ နိုင်ငံရေးအင်အားစုများဆွေးနွေး
DVB
·
January 12, 2015
ရွေးကောက်ပွဲ၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲကိစ္စ နိုင်ငံရေးအင်အားစုများဆွေးနွေး
Donate to DVB

U Thein Sein met ops party leader 12012015(d14အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ နိုင်ငံရေးအင်အားစုတွေက တာဝန်ရှိသူတွေဟာ  ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စတွေကို အပြန်အလှန် ဆွေးနွေးအဖြေရှာခဲ့ တယ်လို့  အစိုးရ က ထုတ်ပြန်ပါတယ်။

နိုင်ငံတော်သမ္မတက ဦးစီးဖိတ်ကြားတဲ့  မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲကို ဒုတိယ အကြိမ်မြောက် နေပြည်တော်မှာ ကျင်းပရာမှာ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်အကြီးအကဲ၊ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့  တိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်တွေ အပါအ၀င် စုစုပေါင်း  ၄၈ ဦးတို့ ဆွေးနွေးပြီး ထုတ်ပြန်တာပါ။

ဒီကနေ့မနက်ကနေ ညနေထိ တံခါးပိတ် ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးများ ဆက်လက် ဖြစ်ထွန်းရေး၊  ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံတဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေး ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ပြီး ညင်သာသော အသွင်ကူးပြောင်းမှု နိုင်ငံရေးလုပ်ငန်းစဉ်များ ပေါ်ပေါက်ရေးနဲ့ ကျန် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှုရှိရေးကိစ္စတို့ အပါအ၀င် နိုင်ငံရေးကိစ္စရပ်များကို အပြန်အ လှန်ဆွေးနွေး အဖြေရှာတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးပါတယ်။

ဒီလိုဆွေးနွေးပွဲတွေကို အချိန်အခါနဲ့ အခြေအနေပေါ် မူတည်ပြီး အားလုံး ညှိနှိုင်းပြီး ထပ်မံ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပထမအကြိမ် နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံရေးအင်အားစုကြီးငါးစုပါဝင်တဲ့ ဆွေးနွေးပွဲကို မနှစ်အောက်တိုဘာလ ၃၁ ရက်နေ့မှာ ကျင်းပခဲ့ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တွေ စုစုပေါင်း ၁၄ ဦး တက်ရောက်ခဲ့ပါတယ်။

အဲဒီ ၁၄ ဦးတွေ့ဆုံပွဲကို ၁၄ ပွင့်ဆိုင်လို့ လူပြောများခဲ့ပြီးနောက် ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲအပြီး သတင်းစာ ရှင်းလင်းပြောဆိုရာမှာ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတဲ့ ၆ ပွင့်ဆိုင်ကိုတော့ ဖြစ်အောင်လုပ်ရမယ်လို့ ယုံကြည်ကြောင်း ပြောဆိုပါတယ်။

သူက “ဒါနဲ့ ၆ ပွင့်ဆိုင်ကို အစားထိုးလို့ မရဘူး။ ဘာဖြစ်လိုလဲဆိုတော့ အခုဆွေးနွေးတဲ့ဟာတွေက ၆ ပွင့်ဆိုင် ပုံစံမှ မဟုတ်ဘဲ၊ တိုင်းပြည်နယ်က တိုင်းရင်းသား ၀န်ကြီးတွေ ပါတယ်လေ။ တိုင်းရင်းသား ၀န်ကြီးတွေဆိုတာက တကယ်တော့ အစိုးရအဖွဲ့ပဲ တိုင်းရင်းသားဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးတယ်ဆိုတာက တမျိုးပေါ့။ အစိုးရအဖွဲ့နဲ့ နိုင်ငံရေး ပါတီတွေ ဆွေးနွေးတယ်ဆိုက အန်တီတို့ အမြင်မှာတော့ ဘယ်လိုမူအရ  ဒီပုဂ္ဂိုလ်တွေ ဖိတ်တယ်ဆိုတာ အန်တီတော့ မရှင်းဘူး” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013