DVB Logo
Home
မြန်မာသတင်း
မွတ်စလင် ၂၀ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်
DVB
·
January 12, 2015
မွတ်စလင် ၂၀ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်
Donate to DVB

ရှမ်းပြည်နယ်မှာ သတို့သား၊ သတို့သမီးအပါအ၀င် မင်္ဂလာပွဲလာရင်း ဖမ်းဆီး တရားစွဲခံရသူ မွတ်စလင်အယောက် ၂၀ ကို  တောင်ကြီးခရိုင်တရားရုံးမှာ ထောင်ဒဏ် ၁၄ နှစ်စီ  စီရင်လိုက်ပါတယ်။

[caption id="attachment_73345" align="alignright" width="477"]တောင်ကြီးမြို့ (ဓာတ်ပုံ - Shan News) တောင်ကြီးမြို့ (ဓာတ်ပုံ - Shan News)[/caption]

လွန်ခဲ့တဲ့ ၅ လခန့်က မင်္ဂလာဆောင်ကို သွားကြတဲ့ မွတ်စလင် ၁၄ ဦးကို ကွန်ဟိန်းမြို့အ၀င်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ သူတို့ထဲမှာ တောင်ကြီးမြို့ခံ ၆ ဦးနဲ့ ကျောက်ဆည်မြို့နယ် လက်ပံရွာသားတွေ ပါဝင်ပြီး နောက်ပိုင်းမှာ သတို့သမီးနဲ့ သတို့သား အပါအ၀င် ၆ ဦးကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။

သူတို့ကို လက်နက်တစုံတရာနဲ့ တိုင်းပြည်ဆူအောင်လုပ်ဆောင်မှု ပုဒ်မ ၅ (ဋ္ဌ) နဲ့ ပြည်ထောင်စု ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်အောင်လုပ်ဆောင်မှု ပုဒ်မ ၅(ည)နဲ့ တရားစွဲပြီး ရုံးထုတ် စစ်ဆေးခဲ့တာပါ။ တဦးကိုတော့ အဆိုပါ ၂ မှုအပြင် တရားမ၀င် အဖွဲ့အစည်းနဲ့ ဆက်သွယ်မှု ၁၇(၁)နဲ့ပါ စီရင်တာကြောင့် ၁၉ နှစ်ချမှတ်ခံရတယ်လို့ တရားခံတဦးရဲ့ ဖခင်က ပြောပါတယ်။

ပြစ်ဒဏ်စီရင်ခံရသူ ၂၀ ဦးအနက် သတို့သမီးအပါအ၀င် လေးဦးဟာ အမျိုးသမီးဖြစ်ပါတယ်။

အမည်မဖော်လိုသူ တရားခံတဦးရဲ့ ဖခင်က “အယောက် ၂၀ လုံးကို ချလိုက်တာဗျ။ အယောက် ၂၀ မှာ ၁၅ နှစ်အရွယ်ကောင်လေး ၁ ယောက်ပါတယ်။ သူက တော့ ၇ နှစ်ပေါ့။ နောက်တယောက်က ပုဒ်မ ၃ ခုဆိုတော့ သူက ၁၉ နှစ်ပေါ့။ ကျန်တဲ့အမျိုးသမီးတွေ သတို့သမီးတွေ၊ သတို့သားတွေကအစ အားလုံးက ၁၄ နှစ်စီချခံရတယ်”

ဒါ့အပြင် သယ်ဆောင်တဲ့ light truck တစီးနဲ့ ပရိုဘောက်စ်ကားတစီး၊ သတို့သမီးဆင်ယင်တဲ့ ရွှေထည်ပစ္စည်းတွေကို  နိုင်ငံဘဏ္ဍာအဖြစ်သိမ်းဆည်းသလို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီစီရင်ချက်အပေါ် ကျေနပ်မှုမရှိတဲ့အတွက် ပြည်နယ်တရားလွှတ်တော်ကို အယူခံတက် မယ်လို့ သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013