DVB Logo
Home
မြန်မာသတင်း
ကား ၅ စီးပေါ်ပါ ရိုဟင်ဂျာ ၁၀၀ နီးပါး ထိုင်းရဲ ထိန်းသိမ်း၊ ၁ ဦး သေဆုံး
DVB
·
January 12, 2015
ကား ၅ စီးပေါ်ပါ ရိုဟင်ဂျာ ၁၀၀ နီးပါး ထိုင်းရဲ ထိန်းသိမ်း၊ ၁ ဦး သေဆုံး
Donate to DVB

558000000370003ထိုင်းနိုင်ငံတောင်ပိုင်း နခွန်းဆီထမရတ်ခရိုင်မှာ ရဲက တရားမ၀င် ၀င်ရောက်မှု သံသယနဲ့ ကား ၅ စီးကို လိုက်လံဖမ်းဆီးရာ ကားပေါ်မှာ ရိုဟင်ဂျာ ၉၈ ဦးကို ထိန်းသိမ်းပြီး အဲဒီထဲက အမျိုးသမီး ၁ ဦးသေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ကားတွေပေါ်မှာ ကြပ်ကြပ်ညပ်ညပ်လိုက်ပါလာခဲ့ကြတဲ့ ကျန်သူတွေဟာလည်း အစာ ရေစာပြတ်ပြီး နွမ်းနယ်နေကြတဲ့အတွက် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဟိုဆိုင်း ရဲစ ခန်း ဒုရဲမှူး ဆုမ်ဖွန်း ထောင်းန်ကျင်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး မန်နေဂျာ အွန်လိုင်းသ တင်းမှာ ဖော်ပြပါတယ်။

ဖန်ငခရိုင် ပာတ်ခ်နမ့်မြို့နယ်ကနေ ဆုန်ခလာမြို့နယ်ဘက်ကို မောင်းနှင်လာတဲ့ ကားတွေကို ရဲက လိုက်ဖမ်းခဲ့တာဖြစ်ပြီး ဒရိုင်ဘာ သုံးဦးကတော့ ကားတွေကို ထားပြီး ထွက်ပြေး သွားကြပါတယ်။

ရိုဟင်ဂျာတွေဟာ လူကုန်ကူးမှုရဲ့တန်ဆာခံတွေ ဖြစ်ရင် ကယ်ဆယ်ရေး ဌာနကို ပို့ဆောင်ပေးမှာဖြစ်ပြီး တရားမ၀င် ၀င်ရောက်လာတာပေါ်လွင်ရင် ဥပဒေအရ အရေးယူဖို့ အထူးစုံ စမ်းစစ်ဆေးရေးဌာနဘက် လွှဲအပ်သွားမယ်လို့ ဒုရဲမှူးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013