DVB Logo
Home
Lead Story
အဓိကကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စကို ပြောပါတယ်။ - ဦးပြုံးချို
DVB
·
January 12, 2015
အဓိကကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စကို ပြောပါတယ်။ - ဦးပြုံးချို
Donate to DVB

[caption id="attachment_24913" align="alignright" width="310"]ကိုပြုံးချို ကိုပြုံးချို[/caption]

အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)က ခေါင်းဆောင်တွေ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်မှာ ၁ နာရီခွဲကြာ တွေ့ဆုံပြီး လက်ရှိ နိုင်ငံရေးဖြစ်ထွန်းမှုတွေအပေါ် တင်ပြ ဆွေးနွေးခဲ့ပါတယ်။

ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့ ဦးဆောင်တဲ့  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အမျိုးသားလွှတ်တော်ရေးရာကော်မတီအဖွဲ့ဝင်တွေ နေပြည်တော် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရုံးမှာ တွေ့ဆုံကြတာပါ။

တက်ရောက် ဆွေးနွေးသူတဦးဖြစ်တဲ့ ၈၈ မျိုးဆက် (ငြိမ်း-ပွင့်)က ဦးပြုံးချိုကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

၈၈ မျိုးဆက် (ငြိမ်း-ပွင့်) အဖွဲ့ခေါင်းဆောင်တွေနဲ့ ဦးခင်အောင်မြင့်တို့ ၁ နာရီကျော်ကြာ တွေ့ဆုံပွဲမှာ ဘာအကြောင်းအရာတွေကို ဆွေးနွေးကြပါသလဲ။

“ဒီနေ့ဆို တွေ့ဆုံကြတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ (သမ္မတ ဦးသိန်းစိန်က နေပြည်တော်တွင် နိုင်ငံရေးအင်အားစု ၅ စုမှ တာဝန်ရှိသူများ တွေ့ဆုံပွဲ) ရှိတယ်။ နောက်ပြီး မကြာခင်မှာ ပြန်စတော့မယ့် လွှတ်တော်ဆွေးနွေးပွဲတွေမှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ အရေးတကြီး ထည့်သွင်းစဉ်းစားရမယ့် အချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ တွေ့ဆုံတယ်။ တိုက်တွန်းတယ်။ ဆွေးနွေးတာတွေ ရှိတယ်။ အဓိကကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်နိုင်ဖို့၊ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေး ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ပြောကြဆိုကြဖို့၊ နောက်ပြီးတော့ အချက်အလက်တွေ ကျနော်တို့ မျှဝေနိုင်ဖို့အတွက်ကို ကျနော်တို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။”

ဦးခင်အောင်မြင့်ဘက်ကရော ဘာတွေ ပြန်လည်ဆွေးနွေးပါသလဲ။

“ဒီနိုင်ငံ ပြုပြင်ပြောင်းလဲရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အမျိုးသားလွှတ်တော်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ လုပ်ဆောင်နေတဲ့ကိစ္စတွေ။ နောက်ပြီးတော့ ဖွဲ့စည်းပုံ ပြောင်းလဲရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပြန်လည်ဆွေးနွေးတာလည်း ရှိတယ်။ တဖက်ကလည်း ဒီတိုင်းပြည် ပြုပြင်ပြောင်းလဲရေးကိစ္စမှာ လာမယ့် ရွေးကောက်ပွဲ ဖြတ်သန်းဖို့ကိစ္စတွေ၊ နောက်ပြီးတော့ ကျနော်တို့ဆီက တင်ပြချက်တွေနဲ့ ပတ်သက်ပြီးတော့ သူ့အနေနဲ့ နားထောင်ပေးတာတွေ ရှိပါတယ်။”

နိုင်ငံတော်သမ္မတက  ငြိမ်းချမ်းရေး ရဖို့ လက်တကမ်းကို ရောက်နေပြီလို့ ဒီနှစ် ဆန်းပိုင်းမှာ ပြောပါတယ်။ ဦးခင်အောင်မြင်နဲ့တွေ့ဆုံရာမှာ တပြည်လုံးအပစ်ရပ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲကိစ္စတွေနဲ့ ပတ်သက်လို့ ဘာတွေ ပြောဖြစ်ကြလဲ။

“ကျနော်တို့က အပစ်အခတ်ရပ်စဲရေးနဲ့ လက်မှတ်ထိုးကြတဲ့အခါမှာ ဒီဖြစ်စဉ်ထဲမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ၊ နောက်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်နေတဲ့အချိန်မှာ ပစ်ခတ်မှုတွေ ဆက်လက် မဖြစ်ပွားအောင်၊ ရပ်တန့်နိုင်အောင် ဆိုတဲ့ကိစ္စတွေ ကျနော်တို့ ဆွေးနွေးနိုင်တာတွေ ရှိပါတယ်။ နောက်ပြီးတော့လည်း တတ်နိုင်သလောက် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုမှု၊ အပစ်အခတ်ရပ်စဲရေး ချုပ်ဆိုမှုမှာ ပါဝင်ပြီး လက်မှတ်ထိုးပြီးတဲ့အခါမှာ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ၊ Political Frame Work (နိုင်ငံရေးမူဘောင်) တခု ချနိုင်ပြီးတော့ ဆက်သွားနိုင်ဖို့ကိစ္စတွေကို ကျနော်တို့ အကြံပြု ဆွေးနွေးတာတွေ ရှိပါတယ်။”

ဒီတွေ့ဆုံမှုအပေါ် ဘယ်လောက် အားရကျေနပ်မှု ရှိလဲ။

“တိုင်းပြည်အရေးအရ တွေ့ဆုံဆွေးနွေးတဲ့ နည်းလမ်းတွေက အဓိက ကျတယ် ဆိုတာကိုလည်း ကျနော်တို့ ပြောပြနိုင်တယ်။ အဲဒီအပြင် ဒီတွေ့ဆုံပွဲတွေမှာ ပါဝင်နိုင်မယ့်၊ တကယ့်ဆွေးနွေးခွင့် ရနိုင်မယ့်သူတွေကို တိုက်ရိုက်တိုက်တွန်းခြင်း၊ ပြောကြားခြင်းအားဖြင့် သူတို့တတွေတွေ့တဲ့အခါမှာ ဒီအချက်အလက်တွေကို ထည့်သွင်းပြီးတော့ စဉ်းစားကြ လိမ့်မယ်လို့ ကျနော်တို့ကတော့ မျှော်လင့်ပါတယ်။”

ဒီတွေ့ဆုံမှုကနေ အများပြည်သူအတွက် မျှော်လင့်စရာ သတင်းစကား။

“ကျနော်တို့က နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်မှာ ပြည်သူတွေကို ဗဟိုပြုထားတဲ့ အဖွဲ့အစည်းအသီးသီးကနေပြီးတော့ တွေ့ဆုံကြ၊ ပြောကြ၊ ဆိုကြ၊ ဆုံးဖြတ်ကြတဲ့ ကိစ္စတွေမှာလည်း ပြည်သူ့ဆန္ဒအစစ်အမှန်ကို ကိုယ်စားပြုနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်အောင်၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေအားလုံးဟာ ပြည်သူလူထုရဲ့ ပါဝင်မှု အခန်းကဏ္ဍတွေ တိုးမြှင့်ခြင်းအားဖြင့်၊ တိုက်တွန်းခြင်းအားဖြင့် ကိုယ်တိုင်ဒီနေရာမှာ သဘောထားတွေ ထုတ်ပေးခြင်းအားဖြင့် ပိုပြီးတော့ ကျယ်ပြန့်မှုတွေ ရရှိလာနိုင်မယ်၊ ကိုယ်စားပြုမှုတွေ စစ်မှန်လာနိုင်မယ်လို့ ကျနော်တို့က မျှော်လင့်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013