DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပထမဆုံး စတော့အိတ်ချိန်း စတင်ဖွင့်လှစ်တော့မည်
DVB
·
January 12, 2015
မြန်မာ့ပထမဆုံး စတော့အိတ်ချိန်း စတင်ဖွင့်လှစ်တော့မည်
Donate to DVB

မြန်မာနိုင်ငံမှာ ရှယ်ယာတွေအရောင်းအ၀ယ်လုပ်နိုင်မယ့် ရန်ကုန်စတော့အိတ်ချိန်းကို  ယခုနှစ်ကုန်မှာ စတင်ဖွင့်လှစ်ဆောင်ရွက်သွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်က ထုတ်ပြန် ကြေညာပါတယ်။

An office staff writes on a white board at the Myanmar Securities Exchange Centre in Yangonနိုင်ငံရဲ့ စီးပွားရေးဖြစ်ထွန်းမှုကို အထောက်အပံ့ ဖြစ်စေဖို့၊  အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမို တိုးတက်ပေါ်ထွန်းလာစေဖို့နဲ့ ပြည်သူတွေတပိုင်တနိုင် ရင်းနှီးမြှုပ်နှံ နိုင်စေဖို့ ရည်ရွယ်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရန်ကုန် စတော့အိတ်ချိန်းမှာ ၀န်ဆောင်မှုပေးနိုင်ဖို့ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်း လိုင်စင်အမျိုးအစား ၄ မျိုးကို ဇန်န၀ါရီ ၁၉ ရက်ကစလို့  ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်မှာ ဖွင့်လှစ်ထားတဲ့  ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံးမှာ သွားရောက် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ လုပ်ငန်းလိုင်စင် အမျိုးအစား ၄ မျိုးကတော့ ငွေချေး သက်သေခံလက်မှတ်တွေကို  တာဝန်ခံ တဆင့်ဖြန့်ချိရောင်းချခြင်းလုပ်ငန်းလိုင်စင်၊ ကိုယ်ပိုင်ရောင်းဝယ်လုပ်ငန်းလိုင်စင်၊ အကျိုးဆောင်ကိုယ်စားလှယ်လုပ်ငန်းလိုင်စင်နဲ့ အကြံညဏ်ပေး လုပ်ငန်းလိုင်စင်တွေ ဖြစ်ပြီး အမျိုးအစားအလိုက် အနည်းဆုံး မြန်မာကျပ်ငွေ ၀ ဒသမ ၀၃ ဘီလီယံကနေ အများဆုံး ၁၅ ဘီလီယံအထိ မတည်ငွေရင်းထည့်ရမယ်လို့ ဆိုပါတယ်။

အသစ်ဖွင့်လှစ်တော့မယ့် ရန်ကုန်စတော့အိတ်ချိန်းဟာ လာမယ့် အောက်တိုဘာလ လောက်မှာ စတင်ဖို့ အဆင့်သင့်ဖြစ်လိမ့်မယ်လို့  ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးမောင်မောင်သိမ်းရဲ့ ပြောဆိုချက်ကိုကိုးကားပြီး   အေဂျင်စီသတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်းအတွက် စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမယ့်  ကုမ္ပဏီ  ၁၀ ခုလောက် ရှိတယ်လို့လည်း  ဒုဝန်ကြီးက ပြောပါတယ်။

မြန်မာစတော့ရှယ်ယာဈေးကွက်ကို ကြီးကြပ်ကိုင်တွယ်ဖို့ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ကို ပြီးခဲ့တဲ့ သြဂုတ်လက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013