DVB Logo
Home
နိုင်ငံတကာ
ချက်နိုင်ငံတွင် ပြည်သူ သိန်းချီပါဝင်သည့် အစိုးရဆန့်ကျင်ဆန္ဒပြပွဲကြီး ပြုလုပ်
DVB
·
March 22, 2026
Photo: REUTERS/Eva Korinkova
Photo: REUTERS/Eva Korinkova
Donate to DVB

ချက်သမ္မတနိုင်ငံ၊ မြို့တော်ပရက်ဂ်မြို့မှာ မတ် ၂၁ ရက်က အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ ဖြစ်ပေါ်နေပြီး လူပေါင်း သိန်းနဲ့ချီ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ပါတယ်။

ဒါဟာ ၂၀၁၉ ခုနှစ်ကတည်းက ချက်နိုင်ငံမှာ အစိုးရကို ဆန့်ကျင်တဲ့ အကြီးဆုံး ဆန္ဒပြပွဲပဲ ဖြစ်ပါတယ်။

ချက်ဝန်ကြီးချုပ် ဘာဘစ်ရဲ့ မူဝါဒတွေနဲ့ မီဒီယာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ပြည်သူလူထုက လမ်းပေါ်ထွက် ဆန္ဒပြနေတာပါ။

ဆန္ဒပြသူတွေဟာ သမိုင်းဝင်နေရာဖြစ်တဲ့ လက်နာကွင်းပြင်မှာ စုဝေးခဲ့ကြပြီး ချက်အလံနဲ့ ဥရောပသမဂ္ဂအလံတွေ ဝှေ့ယမ်းပြီး ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကို လူပေါင်း ၂၅၀,၀၀၀ ဝန်းကျင် လာရောက်မယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့ Milion Chvilek က ခန့်မှန်းထားပါတယ်။

ချက်နိုင်ငံဟာ ဥရောပအလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့စလိုဗက်ကီးယား၊ ဟန်ဂေရီတို့လို့ ဥရောပသမဂ္ဂနဲ့ ပွတ်တိုက်မှုတွေ ဖြစ်လာတဲ့နိုင်ငံအဖြစ်ကို ဦးတည်နေတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့အဖွဲ့က သတိပေးထား ပါတယ်။

ဆန္ဒပြပွဲမှာပါတဲ့ သရုပ်ဆောင်ဟာနာက “ဟန်ဂေရီလို နိုင်ငံမဖြစ်စေချင်ဘူး။ စလိုဗက်လို လမ်းကြောင်းမျိုးကိုလည်း မသွားချင်ဘူး။ ဒီအချိန်က နိုးထဖို့ အချိန်ပါပဲ” လို့ ပြောပါတယ်။

ချက်နိုင်ငံရှိ မီဒီယာတွေဟာ ဒီမိုကရေစီစံနှုန်းတွေ မရှိတာတွေ စဖြစ်နေပြီလို့လည်း ဆန္ဒပြသူတွေက ဆိုပါတယ်။

ဘာဘစ်အစိုးရဟာ နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ် လျှော့ချမှုနဲ့ ပြည်သူ့ရုပ်သံကိုလည်း အသုံးစရိတ် လျှော့ချမှုနဲ့ အစိုးရမဟုတ်တဲ့ NGO အဖွဲ့တွေကိုလည်း တင်းကျပ်တဲ့ စည်းမျည်းတွေ ချမှတ်နေတာပါ။

ဘာဘစ်ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ အထိ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ  အစားအသောက်၊ ဓာတုပစ္စည်းနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ စီးပွားရေးအင်ပါယာ တည်ဆောက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်တဲ့ Milion Chvilek  အဖွဲ့ဟာ ၂၀၁၉ ခုနှစ်တုန်းကလည်း အစိုးရကို ဆန္ဒပြဖို့ ဦးဆောင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013