DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးအခြေအနေ လေ့လာရန် အမေရိကန် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသံတမန် မြစ်ကြီးနား ရောက်ရှိ
DVB
·
January 12, 2015
လူ့အခွင့်အရေးအခြေအနေ လေ့လာရန် အမေရိကန် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးသံတမန် မြစ်ကြီးနား ရောက်ရှိ
Donate to DVB

အမေရိကန် အစိုးရရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ သံတမန် တွမ် မာလန် နော့စကီးဟာ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဇန်န၀ါရီလ ၁၁ ရက်နေ့က ရောက်ရှိနေပါတယ်။

10447608_770538803027941_8704659101531683356_nကချင်ပြည်နယ်မှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ကချင်ပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာမယ်လို့  ရန်ကုန်အခြေစိုက် အမေရိကန် သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မာလန် နော့စကီးဟာ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။

သူ့ ခရီးစဉ်အတွင်းမှာ  လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အစိုးရ ခေါင်းဆောင်တွေနဲ့ မြစ်ကြီးနားနဲ့ ရန်ကုန်မှာ တွေ့ဆုံမယ်လို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို တွေ့ဆုံပြီး အခြေအနေမှန်တွေ လေ့လာပြီးရင် အစိုးရ အရာရှိတွေနဲ့ နေပြည်တော်မှာ ဇန်န၀ါရီ ၁၄ နဲ့ ၁၅ ရက်နေ့တွေမှာ တွေ့ဆုံမယ်လို့ ဆိုပါတယ်။

အစိုးရအရာရှိတွေနဲ့ နေပြည်တော်မှာ ဆွေးနွေးတဲ့အခါ  မြန်မာပြည်ရဲ့တရားစီရင်ရေး စနစ်ကို ပြုပြင်ပြောင်းလဲရေးကိစ္စ၊ မြေသိမ်းယာသိမ်း ပြဿ နာတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေနဲ့ သတင်းထောက်တွေ ဖမ်ဆီးထိမ်းသိမ်းခံနေရတဲ့ ကိစ္စတွေကို ဆွေးနွေးမယ်လို့ ၀ါရှင်တန်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။

မာလန်နော့စကီးဟာ မနှစ်ဇွန်လတုန်းလည်း မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွေကို တိုက်တွန်းဖို့  မြန်မာပြည်ကို ၁ ပတ်ကြာ လာရောက်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013