DVB Logo
Home
Lead Story
မိုးကုတ်ရတနာမြေမှ ပတ္တမြားကြီး ၁ လုံး ရှာဖွေတွေ့ရှိ 
DVB
·
May 8, 2026
Photo: MOI
Photo: MOI
Donate to DVB

ထူးခြားလှပ အရည်အသွေးကောင်းတဲ့ အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်) ရှိတဲ့  ပတ္တမြားကြီးတလုံးကို   မိုးကုတ်ရတနာမြေကနေ ရှာဖွေတွေ့ရှိတယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးက မေ ၇ ရက်မှာထုတ်ပြန်ကြေညာပါတယ်။

အဆိုပါ ပတ္တမြားဟာ အရွယ်အစားကြီးမားတာကြောင့် ရှာဖွေတွေ့ရှိဖို့ခက်ခဲ ရှားပါးကြောင်း၊ ပတ္တမြားကြီးအနေနဲ့ ခရမ်းရောင်သမ်းတဲ့ အနီရောင်မှာ အဝါရိပ်ဖောက်ထားတဲ့အရောင်ရှိပြီး အရောင်အဆင့်အတန်းအားဖြင့် ကောင်းမွန်ကြောင်း၊ အလင်းပေါက်အား သင့်တင့်ပြီး ဖန်ရောင် လက်ကောင်းမွန်ကာ ပြုပြင်ထားခြင်းမရှိတဲ့ သဘာဝအတိုင်းရှိတဲ့ ပတ္တမြားကြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒီပတ္တမြားကြီးကို ဘယ်နေ့ ဘယ်ရက်က မိုးကုတ်မြို့ရဲ့ ဘယ်နေရာမှာ ဘယ်လိုရှာဖွေတွေ့ရှိတယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြခြင်းမရှိဘဲ မြန်မာနှစ်သစ်ကူးအလွန်မှာ မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေကနေ ရှာဖွေတွေ့ရှိခဲ့တာလို့ပဲ ဖော်ပြပါတယ်။

အဆိုပါ အရွယ်အစားကြီးမားတဲ့ ပတ္တမြားကြီးကို စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်နဲ့ ဒုတိယသမ္မတတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ ဝန်ကြီးတွေက  သမ္မတရုံး ဧည့်ခန်းမဆောင်မှာ ကြည့်ရှုခဲ့ကြတယ်လို့ဆိုပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်း  အလားတူ တန်ဖိုးကြီး ပတ္တမြားကြီး တလုံးကို စစ်အာဏာရှင်တွေက ထုတ်ပြခဲ့ဖူးပါတယ်။ 

မြန်မာနိုင်ငံမှာ အဖိုးတန်ရှားပါးတဲ့ ပတ္တမြားကြီးတွေကို အရင်ကလည်းတွေ့ရှိခဲ့ဖူးပြီး   ၁၉၉၀ ပြည့်နှစ်မှာ အလေးချိန် ၉၉ ဒသမ ၂၅ ဂရမ်(၄၉၆ ဒသမ ၂၅ ကရက်) ရှိ နဝတ ပတ္တမြား၊ ၁၉၉၆ ခုနှစ်မှာ အလေးချိန် ၄၂၉၀ ဂရမ်(၂၁၄၅၀ ကရက်) ရှိပတ္တမြားနဲ့  ၂၀၂၂ ခုနှစ်မှာ အလေးချိန် ၅၅၇ ဒသမ ၈၅ ဂရမ်(၂၇၈၉ ဒသမ ၂၅ ကရက်)ရှိ နစက ပတ္တမြားနဲ့  အခု ၂၀၂၆ ခုနှစ်မှာ နောက်ဆုံးတွေ့ရှိခဲ့တဲ့ အလေးချိန် ၂၂၀၀ ဂရမ် (၁၁၀၀၀ ကရက်) ပတ္တမြားက အရောင်နဲ့  အရည်အသွေး ပိုမိုကောင်းမွန်သတဲ့အတွက် တန်ဖိုးပိုမိုမြင့်မားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း စတဲ့အဖိုးတန် သယံဇာတတွေ  ထွက်ရှိတဲ့ နိုင်ငံဖြစ်ပေမဲ့ စစ်အာဏာရှင်တွေအဆက်ဆက် ကိုယ်ကျိုးရှာ အမြတ်ထုတ်နေတဲ့အတွက် တိုင်းပြည်နဲ့ ပြည်သူတွေဟာ ကမ္ဘာ့မှာ အဆင်းရဲဆုံးနိုင်ငံတနိုင်ငံအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံက ထွက်တဲ့ ကျောက်မျက်ရတနာတွေကို အမေရိကန်က ပိတ်ဆို့မှုတွေလုပ်ထားပြီး တရုတ်နိုင်ငံကတော့ အဓိက ဝယ်ယူနေတာဖြစ်ပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013