DVB Logo
Home
Lead Story
မြန်မာဘက်ကသွင်းလာသည့် စိတ်ကြွဆေးများ ရေလယ်ကျွန်းတွင် ဖမ်းမိ
DVB
·
January 11, 2015
မြန်မာဘက်ကသွင်းလာသည့်  စိတ်ကြွဆေးများ ရေလယ်ကျွန်းတွင် ဖမ်းမိ
1 / 11
Donate to DVB

ကရင်ပြည်နယ် မြ၀တီမြို့ တဖက်ကမ်း  တာ့ခ်ခရိုင် မဲဆောက်မြို့မှာ မြန်မာဘက်က တင်သွင်းလာတဲ့ ယာမ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းရဲအရာရှိတဦးက ပြောပါတယ်။

ယာမစိတ်ကြွဆေးပြား ၈ သောင်း၊ ကျပ်ငွေ သိန်း ၄၀ နဲ့အတူ လူ ၂ ဦးကို ဇန်န၀ါရီလ ၁၁ ရက် မနက်စောစောက မဲဆောက်-မြ၀တီ တံတားအောက် ရေလယ်ကျွန်းမှာ ဖမ်းမိလိုက်တာလို့ ဆိုပါတယ်။

မနက် ၆ နာရီလောက်က မြ၀တီမြို့ဘက်က လာတဲ့ လူငယ် ၃ ဦးကို မဲဆောက်အ၀င် မဲဆောက်-မြ၀တီ တံတားအောက် ရေလယ်ကျွန်းမှာ ထိုင်းအာဏာပိုင်တွေက စစ်ဆေးတဲ့အခါ တဦးက ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ကျန် ၂ ဦးဖြစ်တဲ့ မောင်မင်းကို၊ စိုင်းကိုကို တို့နဲ့အတူ စိတ်ကြွဆေးတွေ ဖမ်းမိခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မကြာခင် ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းမယ်လို့ ရဲအရာရှိက ပြောပါတယ်။

သတင်းဓာတ်ပုံ - စောဖိုးစီ

[gallery ids="76680,76681,76682,76683,76684,76685,76686,76687,76688,76689,76690"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013