
လီဗာပူးနောက်ခံလူ ဂျိုးဂိုးမက်စ်ဟာ အက်စတွန်ဗီလာအသင်းရဲ့ အပြောင်းအရွှေ့ပစ်မှတ်အဖြစ် ရေပန်းစားလာပြီး ဘီဆစ်တပ်နဲ့ အေစီမီလန်တို့လို ဥရောပကလပ်အသင်းတချို့ကလည်း စောင့်ကြည့်နေကြပါတယ်။
အသက် ၂၉ နှစ်အရွယ် အင်္ဂလန်နောက်ခံလူဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး ဗီလာနည်းပြ အူနိုင်းအမ်မရီကတော့ လာမဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ခံစစ်နေရာစုံ ကစားနိုင်တဲ့ ဂိုးမက်စ်ကို အရခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
လီဗာပူးဘက်ကလည်း စာချုပ်သက်တမ်းကုန်ဆုံးတော့မဲ့ ဂိုးမက်စ်ကို အခုအပြောင်းအရွှေ့မှာပဲ အမြတ်ရအောင် ရောင်းချသွားဖို့ စဉ်းစားနိုင်ပါတယ်။
ဒါ့အပြင် လီဗာပူးဟာ ဒူးဒဏ်ရာကြောင့် ကာလရှည်နားရမဲ့ ကိုနာ ဘရက်ဒ်လေနေရာအတွက် ညာနောက်ခံလူသစ်တယောက် ရှာဖွေနေသလို တိုက်စစ်အတွက်လည်း လိုက်ပ်ဇစ်က ယန်ဒီယိုမန်ဒီနဲ့ ပီအက်စ်ဂျီက ဘာကိုလာတို့ကို ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေပါတယ်။










