DVB Logo
Home
မြန်မာသတင်း
တရားမ၀င်ငါးဖမ်းနည်းများကြောင့် ငါးမျိုးစိတ်အချို့ ပျောက်လုနီးဖြစ်
DVB
·
January 11, 2015
တရားမ၀င်ငါးဖမ်းနည်းများကြောင့် ငါးမျိုးစိတ်အချို့ ပျောက်လုနီးဖြစ်
1 / 4
Donate to DVB

အဆိပ်ချ၊ လျှပ်စစ်ရှော့ခ်တိုက်တဲ့နည်းတွေနဲ့ တရားမ၀င် ငါးဖမ်းဆီးတာတွေကြောင့် ငါးမျိုးစိတ်တချို့ ပျောက်လုနီးပါးဖြစ်နေပြီလို့ အုတ်ဖိုမြို့နယ်၊ ရေနေသယံဇာတ ထိန်းသိမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးနေမျိုးက ပြောပါတယ်။

“ငါးအိုက်၊ ငါးအုံတုံ ဆိုရင် မတွေ့ရသလောက်ဖြစ်သွားပြီ။ နောက်ဆုံး လယ်တွေက ခရု၊ ပုစွန်လုံးတွေတောင် တော်တော် ရှားသွားပြီ။’’

ရေမှာချတဲ့ အဆိပ်တွေဟာ အဓိက စိုက်ပျိုးရေးလုပ်ငန်းသုံးတွေဖြစ်ပြီး ငါး၊ ပုစွန်အတွက် ခွဲခြားသုံးစွဲကြလေ့ရှိပါတယ်။

လျှပ်စစ်နဲ့ ရှော့ခ်တိုက်ဖို့အတွက်ကတော့ တရုတ်ကတင်သွင်းလာတဲ့ စက်တွေကို သုံးသလို ကိုယ်တိုင်လုပ်ပြီး ဘက်ထရီအသုံးပြုတာတွေလည်း ရှိတယ်လို့ ကိုနေမျိုးက ပြောပါတယ်။

ဧရာဝတီမြစ်ထဲမှာလည်း လှေနှစ်စီးကြားမှာ လျှပ်စစ်လွှတ်ထားတဲ့ ပိုက်နဲ့ ဖမ်းဆီးတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

တရားမ၀င်တဲ့နည်းနဲ့ ငါးဖမ်းသူတွေကို ဖမ်းဆီးရင် လူက ထွက်ပြေးလေ့ရှိတဲ့အတွက် ပိုင်ရှင်မဲ့ ပစ္စည်းတွေကိုပဲ ဖမ်းမိတတ်တယ်လို့ မင်းလှမြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဝင်းကိုကိုဦးက ပြောပါတယ်။

ပညာပေး ဖမ်းဆီးတာတွေလုပ်လို့ လျော့နည်းသွားပေမယ့်  ခုချိန်ထိတော့ ရှိနေပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။

မနှစ်ကတော့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) က ပဲခူး၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်မှာ ဒေသခံတွေမှာ အသေးစား ငါးမွေးမြူရေးကို သင်ကြား လက်တွေ့လုပ်ပြခဲ့ပါတယ်။

“အရင်ကဆိုရင် မမွေးပဲနဲ့ကို လယ် ၁ ဧက က ငါး ပိဿာ    ၂၀ လောက်ရခဲ့တယ်။ ခုတော့ ၇ ပိဿာတောင် မရတော့ဘူးလို့ တောင်သူတွေကိုယ်တိုင်ပြောလာတယ်” လို့ JICA ဆက်သွယ်ရေး အရာရှိ ဦးကျော်မိုးအောင်က ပြောပါတယ်။

ငါးသယံဇာတ နည်းလာလို့ အလွယ်တကူ ဖမ်းဆီးနိုင်တဲ့ နည်းလမ်းတွေကို သုံးလာကြသလို ဒီနည်းလမ်းတွေကြောင့်လည်း ငါးတွေ မျိုးပြုတ်တဲ့အထိ ဖြစ်လာတာပါ။

[gallery ids="76636,76637,76638,76639"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013