
ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေး စည်းမျဉ်း ချိုးဖောက်မှု စွပ်စွဲချက် ၁၁၅ ချက်အနက် ၁၁၄ ချက်မှာ မန်စီးတီးအသင်း အပြစ်ရှိကြောင်း လွတ်လပ်သော ခုံသမာဓိအဖွဲ့က ဆုံးဖြတ်ခဲ့တာကြောင့် တခြား ပရီးမီးယားလိဂ် ကလပ်အသင်းတွေဟာ နစ်နာကြေး တောင်းခံနိုင်ဖို့ ဥပဒေရေးရာ အကြံဉာဏ်တွေ ရယူ နေကြတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။
မန်စီးတီးအသင်းဟာ ဒီဆုံးဖြတ်ချက်ကို အယူခံဝင်သွားမှာဖြစ်ပြီး အပြစ်ရှိကြောင်း သတ်မှတ် ခံရတာကြောင့် တန်းဆင်းရတာ၊ အမှတ် အမြောက်အမြား လျှော့ခံရတာနဲ့ ပြိုင်ပွဲက ထုတ်ပယ် ခံရတာတွေအထိ ကြုံရနိုင်ပါတယ်။
လက်ရှိမှာတော့ ကလပ်အသင်းတွေဟာ အဲဗာတန်အသင်းဆီကနေ ဘာန်လီအသင်း လျော်ကြေးငွေ တောင်းခံခဲ့တဲ့ သာဓကအတိုင်း မန်စီးတီးဆီကနေ နစ်နာကြေး ရရှိနိုင်ရေး ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။
Photo:Reuters










