DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် ယာဉ်တိုက်မှုကြောင့် တပတ်အတွင်း ၁၄ ဦး သေဆုံး
DVB
·
January 10, 2015
ရန်ကုန်တိုင်းတွင် ယာဉ်တိုက်မှုကြောင့် တပတ်အတွင်း ၁၄ ဦး သေဆုံး
1 / 2
Donate to DVB

ရန်ကုန်တိုင်းမှာ ယာဉ်တိုက်မှုကြောင့် တပတ်အတွင်း လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့ အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ ဒုတိယ ရဲမှူးကြီး လင်းထွဋ်က ပြောပါတယ်။

[caption id="attachment_76510" align="aligncenter" width="650"]10898176_610537775742160_2590933927645305814_n ဓာတ်ပုံ - ရဲဇာနည်[/caption]

ဇန်န၀ါရီ ၂ ရက်ကနေ ၈ ရက်နေ့အထိ ယာဉ်တိုက်မှု ၅၈ မှု ဖြစ်ခဲ့ပါတယ်။ လူသေဆုံး ၁၁ မှု၊ အပြင်းအထန် ဒဏ်ရာရတာက ၃၅ မှု ဖြစ်ပြီး လူ ၈၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေမှာ ကိုယ်ပိုင်ယာဉ်တွေက ၂၃ မှု ပါဝင်ပြီး ယာဉ်မောင်းသူရဲ့ မဆင်ခြင်တာက ၂၉ မှုနဲ့ လမ်းဖြတ်ကူးသူတွေရဲ့ မဆင်ခြင်တာက ၉ မှု ဖြစ်ပါတယ်။

[caption id="attachment_76511" align="aligncenter" width="657"]ဓာတ်ပုံ - ရဲဇာနည် ဓာတ်ပုံ - ရဲဇာနည်[/caption]

ဒီတပတ်အတွင်းမှာပဲ မော်တော်ယာဉ်တွေကို ချလံဖြတ် ဖမ်းဆီးအရေးယူမှု ၈၅၀၀ လောက် ရှိပြီး လိုင်စင်ပိတ်သိမ်းတာကတော့ ၄၀၀ လောက်ရှိပါတယ်။

လိုင်စင်ရှိ ဆိုင်ကယ် ၂၂၆ စီးနဲ့ လိုင်စင်မဲ့ ဆိုင်ကယ် ၂ စီးကိုလည်း ဖမ်းဆီး အရေးယူခဲ့တယ်လို့ ဒုတိယ ရဲမှူးကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013