DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုးသီးကြွေကျ စိုက်ခင်းနှင့်အိမ်ခေါင်မိုးများ ပျက်စီး
DVB
·
January 9, 2015
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်  မိုးသီးကြွေကျ စိုက်ခင်းနှင့်အိမ်ခေါင်မိုးများ ပျက်စီး
1 / 2
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ တန့်ယန်း၊   ကွတ်ခိုင် ၊ လားရှိုး နှင့် သိန္နီမြို့နယ်တွေမှာ ဇန်န၀ါရီလ ၈ ရက်နဲ့ ၉ ရက်နေ့တွေက အချိန်အခါမဟုတ် မိုးသည်းထန်ပြီး မိုးသီးတွေပါ ကြွေကျခဲ့လို့  လူနေအိမ်ခေါင်မိုးတွေနဲ့ သီးနှံစိုက်ခင်းတွေပျက်စီးမှု ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နမ့်ခမ်းမြို့နယ်ထဲမှာ မန့်ဟောင်း၊ နောင်မ၊ နောင်ကောင့် ၊ နောင်တောဝ်းစတဲ့ရွာမှာ ဆေးရွက်ကြီး စိုက်ခင်းတွေ ဧက အတော်များများ ပျက်စီးသွားတယ်လို့ နောင်ကောင့်ရွာသား စိုင်း အိုက်စံမြတ်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညက မိုးတအားရွာတယ် ၊ မိုးသီးတွေလည်းကျတယ်၊ ည  ၉ နာရီလောက်ပေါ့။ မနက်မိုးလင်းတော့ စိုက်ခင်းထဲသွားကြည့်တာ ဟင်းသီးဟင်းရွက်ပင်တွေ၊ မုန်လာပန်းတွေ၊ မုံညင်းတွေ အကုန်ကျေကုန်တယ်။ အဆိုးဆုံးက ကျနော်တို့စီးပွားဖြစ်စိုက်ထားတဲ့  ဆေးရွက်ကြီးပင်တွေပါ ။ ကျနော်ဆို ၂ ဧကလုံး ၊ အရွက်တွေ ကျေကုန်တယ်။ အမှန်က ဒီအရွက်တွေက နောက်ထပ် ၁၀ရက် ၁၅ ရက်ဆို ခူးရောင်းလို့ရနေပြီ။  ရှုံးပြီပေါ့ဗျာ။”

အိမ်ခြေ ၂၃၀ ကျော်ရှိတဲ့ နောင်ကောင့်ရွာမှာ အများစုဟာ   ဆေးရွက်ကြီးကို ၀မ်းစာဝင်ငွေအဖြစ် စိုက်စား ကြတာဖြစ်ပြီး တချို့မှာ ၄- ၅ ဧက ထိ ဆုံးရှုံးတယ်လို့ သိရပါတယ်။

[caption id="attachment_76454" align="alignright" width="323"]10904837_1536112616647931_407226986_n ဓာတ်ပုံ - Zaai HomMain[/caption]

နမ့်ခမ်းမြို့နယ် အခြေစိုက် ရပ်မိရပ်ဖတဦးဖြစ်သူ စိုင်းထွန်းလှိုင်က လည်း  နောင်ကောင့်ရွာနဲ့ ဆက်နေတဲ့ မန့်ဟောင်း၊ နောင် မ၊ နောင်တောဝ်းတွေ ဘက်မှာလည်း ဆေး ရွက်ကြီး စိုက်ခင်း ပျက်စီးဆုံးရှုံးမှုတွေ ရှိနေပြီး မြို့နယ်အုပ်ချုပ်ရေးကို တင်ပြနိုင်ဖို့ စာရင်းတွေ ကောက် ယူစုဆောင်းနေ တယ်လို့ ပြော ပါတယ်။

‘ဆုံးရှုံးမှုစာရင်း အတိ အကျတော့ မသိရသေးပါဘူးခင်ဗျ ၊ တော်တော်များ မယ်လို့တော့ ထင်ပါတယ်။ ကျနော်တို့ မန့်ဟောင်းရွာဆိုရင် ၅ ဧက၊ နောင်မရွာဘက်က ဧက ၅၀ ၊ နောင်ကောင့် တစ်ရွာထဲတင် ဆုံးရှုံးမှုတန်ဖိုးက ကျပ်သိန်း ၃ ထောင်ဖိုးလို့လည်း ပြောနေကြပါတယ်။”

တရုတ်နယ်စပ် မူဆယ်မြို့နယ်ထဲမှာလည်း ဒီကနေ့ ဇန်န၀ါရီလ ၁၀ ရက် မနက် ၈ နာရီလောက်က  မိုးသီးတွေကြွေကျတာ မော်တော်ကားလမ်းမပေါ် ပြည့်လျှံသွားပြီး ယာဉ်ကြောတွေ ပိတ်ဆို့ကုန်တယ်လို့ ဟိုမွန်ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။

"မိုးသီးတွေက အကြီးကြီးဗျ ၊ လက်၂ ဆစ်စာလောက်လည်းရှိတယ်။ ကျနော်တို့ ရှိနေတဲ့ ကလေးကစားကွင်းမှာရော၊ မော်တော်ကားလမ်းပေါ်မှာရော ဖြူဖွေးသွားတာပဲ။”

တန့်ယန်းမြို့နယ်ထဲမှာတော့ မနေ့ညက  ကွမ်းသီးလုံးလောက်ရှိတဲ့ မိုးသီးတွေ ကြွေကျ တာကြောင့် အိမ်ခြေတော်တော်များများ ခေါင်မိုးတွေ ပေါက်ကုန်တယ်လို့  ရပ်ကွက် ၄ မှာ နေထိုင်သူ စိုင်းအွန်က ပြောပါတယ်။

[caption id="attachment_76455" align="aligncenter" width="538"]ဓာတ်ပုံ - Aung Myo Htun ဓာတ်ပုံ - Aung Myo Htun[/caption]

"မိုးသီးက အကြီးကြီးဗျ ၊ တချို့ဆို ကွမ်းသီးလုံးလောက်ရှိမယ်။ ကျနော်တို့အိမ်က သွပ်ပြားတွေ ၆ ချပ်လောက်   ပေါက်ကုန်တယ်။ မိုးယိုတော့ ဇလုံတွေနဲ့ လိုက်ခံထားရတာ။ အခုလည်း မိုးရွာနေ တယ်။ ခေါင်မိုးမပြင်နိုင်သေးလို့ အိမ်ထဲမှာ မိုးရေခံနေရတုန်းပဲ။”

ခုရက်ပိုင်းအတွင်း အချိန်အခါမဲ့ မိုးရွာသွန်းရာမှာ ဇန်န၀ါရီလ ၈ ရက် မနက်တိုင်းထွာချက်တွေအရ ကယားပြည်နယ် လွိုင်ကော်မြို့မှာ ၁.၉၃ လက်မ နဲ့ အများဆုံးဖြစ်ပြီး  ရှမ်းပြည်နယ် နမ့်စန်မြို့က မိုးရေချိန် (၁.၆၉)လက်မဟာ  နှစ်ပေါင်း (၂၁)နှစ်အတွင်း အဲဒီမြို့ရဲ့ အများဆုံးရွာသွန်းခဲ့တဲ့ စံချိန်တင်သွားခဲ့တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

လာမယ့် ၁ ရက်၊  ၂ ရက်အတွင်း  မြန်မာနိုင်ငံအရှေ့ ပိုင်းဒေသတွေမှာ မိုးဆက်လက်ထစ်ချုန်း ရွာနိုင်တယ်လို့လည်း မိုးဇလက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013