DVB Logo
Home
မြန်မာသတင်း
Yess သကြားလုံးစက်ရုံ ဆန္ဒပြအလုပ်သမားများကို အဆောင်ဝင်ခွင့်ပိတ်ပင်
DVB
·
January 9, 2015
Yess သကြားလုံးစက်ရုံ ဆန္ဒပြအလုပ်သမားများကို အဆောင်ဝင်ခွင့်ပိတ်ပင်
1 / 3
Donate to DVB

အခြေခံလစာတိုးပေးရေးဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ လှိုင်သာယာ Yess သကြားလုံး စက်ရုံအလုပ်သမားတွေကို အလုပ်ရှင်က အဆောင်ဝင်ခွင့်ပိတ်ထားတဲ့အတွက် အလုပ်သမားတွေ နေရေး အခက်အခဲတွေ့နေပါတယ်။

yess worker yess worker1 yess worker2ဆန္ဒပြအလုပ်သမားတွေက အခြေခံလစာကို အနည်းဆုံး ကျပ်ငွေ ၃ သောင်းတိုးမြင့်ပေးဖို့နဲ့ တနင်္ဂနွေရုံးပိတ်ရက်အတွက် လုပ်အားခပေးရေးတို့ကို တောင်းဆိုထားကြတာပါ။

ဆန္ဒပြတဲ့ ဇန်န၀ါရီ ၇ ရက်နေ့ညနေပိုင်း အလုပ်ရှင်ကိုယ်စား လှယ်တွေနဲ့ဆွေးနွေးရာမှာ အခြေခံလစာကို ၇၅၀၀ အထိ တိုးပေးမယ်လို့ ပြောဆိုကတိပေးခဲ့ပြီး ညနေပိုင်းမှာ အလုပ်သမားတွေကို အဆောင်ဝင်ခွင့် မပေးတော့လာလို့  ဆန္ဒပြ အလုပ်သမား မသိင်္ဂီမျိုးက ပြောပါတယ်။

“ပထမတရက်တုန်းကတော့ အဆောင်မှာပေးအိပ်တယ်။ ဒုတိယရက်မှာ ညီမတို့ ရုံးမှာသွားပြီး ညှိတော့ နည်းနည်းတော့ အဆင်ပြေတယ်။ ညီမတို့ ၃ သောင်းတောင်းတာကို ၇၅၀၀နဲ့ ညီမတို့ဘက်ကလည်း ကျေအေးပေးတာပေါ့နော်။ ဒါပေမယ့် မိုးချုပ်ခါနီးကျမှ ညီမတို့ကို အထဲ ပေးမ၀င်တော့တာ။ ”

အဆောင်ဝင်ခွင့်မရလို့ နီးစပ်ရာဘုန်းကြီးကျောင်းမှာပဲ အလုပ်သမားတွေည အိပ်ခဲ့ကြရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

Yess သကြားလုံးစက်ရုံမှာ အလုပ်လုပ်တဲ့သူတွေအများစုဟာ ဧရာဝတီတိုင်းက လာကြသူတွေဖြစ်ပြီး စက်ရုံက အဆောင်မှာပဲ နေထိုင်အလုပ်လုပ်ကြသူတွေဖြစ်ပါတယ်။

စက်ရုံအလုပ်သမား ၂၀၀ ကျော်ရှိတဲ့အနက် အလုပ်သမား ၁၅၀ လောက်က အခြေခံ လုပ်ခလစာတိုးမြှင့်ပေးရေးအပါအ၀င်တောင်းဆိုချက် ၃ ရက်တောင်းဆိုပြီး စက်ရုံရှေ့မှာပဲ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013