DVB Logo
Home
မြန်မာသတင်း
ရိုဟင်ဂျာ အသုံးအနှုန်းကိစ္စ မစ္စယန်ဟီးလီနှင့် ရခိုင်အမတ်များ ဆွေးနွေး
DVB
·
January 9, 2015
ရိုဟင်ဂျာ အသုံးအနှုန်းကိစ္စ မစ္စယန်ဟီးလီနှင့် ရခိုင်အမတ်များ  ဆွေးနွေး
1 / 2
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ မြေပုံမြို့နယ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့မိမြို့ဖတွေနဲ့ ဒီကနေ့တွေ့ဆုံပြီး မျိုးနွယ်စုနှစ်ခုအကြား အတူယှဉ်တွဲနေထိုင်ရေးအတွက် ဘယ်လို အဟန့်အတားတွေ ရှိနေသလဲဆိုတာကို မေးမြန်းခဲ့ပါတယ်။

တွေ့ဆုံရာမှာ ပါဝင်တဲ့  ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက အတူယှဉ်တွဲနေ ထိုင်ရေး ရှိဖို့အတွက် ယုံကြည်မှုအရေးကြီးပုံနဲ့ ရိုဟင်ဂျာ အမည်နာမ သုံးနှုန်းခေါ်ဝေါ်တဲ့ ကိစ္စကို ဆွေးနွေးခဲ့တယ်လို့  ပြောပါတယ်။

[caption id="attachment_76431" align="aligncenter" width="960"]မစ္စယန်ဟီးလီကို ကန့်ကွက်ဆန္ဒပြနေစဉ် (ဓာတ်ပုံ ရခိုင်လူမှုကွန်ရက် - စစ်တွေ) မစ္စယန်ဟီးလီကို ကန့်ကွက်ဆန္ဒပြနေစဉ် (ဓာတ်ပုံ ရခိုင်လူမှုကွန်ရက် - စစ်တွေ)[/caption]

10891778_572410742902587_1195113064398196742_n“အဟန့်အတားတွေကို ကျနော်တို့ ပြောတာက ယုံကြည်မှုက အရေးကြီးပါတယ်လို့၊ ယုံကြည်မှု တည်ဆောက်ပြီးမှ အတူယှဉ်တွဲနေထိုင်ရေး ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ယုံကြည်မှု တည်ဆောက်နေဆဲ ကာလမှာ သက်ဆိုင်ရာ ယူအန်အဖွဲ့အစည်းတွေ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနဲ့ တိုက်တွန်းဖို့၊ ရိုဟင်ဂျာဆိုတဲ့ စကားအပေါ်မှာ အခြေခံပြီးတော့ မရမက တောင်းဆိုနေတာမျိုးပေါ့။ ကျနော်တို့ ပြည်သူတွေက လက်မခံတဲ့ စကားလုံးအပေါ်မှာပဲ မရမကတောင်းဆိုနေတဲ့အတွက်နဲ့ ကျနော်တို့ နိုင်ငံသား စိစစ်ရေး လုပ်ငန်းတွေမှာ အနှောင့်အယှက်ဖြစ်ပါတယ်” လို့ ဦးဖေသန်းက ပြောပါတယ်။

ကုလသမဂ္ဂက ရခိုင်ပြည်နယ်တွင်းမှာ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းတွေကတည်းက သုံးစွဲခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မှာတော့ ရိုဟင်ဂျာအဖြစ် မိမိဘာသာခံယူမှုကို အသိအမှတ်ပြုဖို့၊ ရိုဟင်ဂျာတွေကို နိုင်ငံသားအခွင့်အရေးပေးပြီး နိုင်ငံတ၀န်းသွားလာခွင့်ပေး ဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာအစိုးရအာဏာပိုင်တွေဘက်ကလည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိ၊ ဘင်္ဂလားနိုင်ငံက ကူးဝင်လာတဲ့ ဘင်္ဂါလီသာရှိတယ်လို့ ရပ်တည်ပြီး ရိုဟင်ဂျာကို အသိအမှတ်မပြုပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားစိစစ်ရေးဥပဒေနဲ့အညီ စိစစ်ပေးသွားမယ်၊ ဘင်္ဂါလီအဖြစ် ဖြည့်သွင်းရင် နိုင်ငံသား စိစစ်ရေးမှာ ထည့်သွင်းစဉ်းစားမယ်လို့  ထုတ်ပြန်ထား ပါတယ်။

ရိုဟင်ဂျာလို့ ရပ်တည်သူတွေကလည်း ဘင်္ဂါလီဆိုတဲ့ နာမည်တွေနဲ့ မလျှောက်ထား ဘဲ ရိုဟင်ဂျာလို့သာ ဆက်လက်ရပ်တည် တင်းခံနေတဲ့အခါမှာ လုပ်ငန်းတွေကို အနှောင့်အယှက် ဖြစ်ကြောင်းနဲ့ ဒါတွေကို ဦးစားမပေးဘဲ နိုင်ငံသား ဖြစ်ရေး လုပ်ငန်းစဉ်မှာ ပါဝင်ကူညီဖို့ နှစ်ဖက်အသိုင်းအ၀န်း နားလည်မှု ရနိုင်ရေးအတွက် ပံ့ပိုးကူညီဖို့ ဆွေးနွေးခဲ့တယ်လို့ သူက ပြောပါတယ်။

ယန်ဟီးလီကလည်း သူရဲ့ အစီရင်ခံစာဟာ တဖက်စောင်းနင်း မဖြစ်စေရဘူးလို့ ကတိပေးခဲ့သလို ဖြစ်ရပ်မှန်တွေကို မျှမျှတတ အကြံပေး တင်ပြမယ်လို့ ပြောဆိုတဲ့အကြောင်း ဦးဖေသန်းက ပြောပါတယ်။

ဒီနောက် ယန်ဟီးလီဟာ မြေပုံမြို့နယ်အတွင်းမှာရှိတဲ့ ဒုက္ခသည် စခန်းတွေကို သွားရောက်ခဲ့ပါတယ်။

မြေပုံ ဒုက္ခသည်စခန်းက ကိုဇော်ဇော်က ယန်ဟီးလီကို ဒုက္ခသည်စခန်းတွင်း နေထိုင် စားသောက်ရေးကိစ္စတွေကို တင်ပြခဲ့တယ်လို့  ပြောပါတယ်။

“ကျနော်တို့က ဒီမှာ နိုင်ငံသား ဖြစ်တဲ့သူတွေရှိတယ်၊ နိုင်ငံသား ဖြစ်ခွင့်ရထားတဲ့သူတွေ ရှိတယ်၊ နိုင်ငံတော် အစိုးရကနေ ကျနော်တို့ကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးမယ်ဆိုပြီး ကျနော်တို့ လုပ်ခဲ့တာလေ၊ ကျနော်တို့က ဘယ်ဆီမှ သွားလာခွင့်မရှိဘူး၊ ဧက ၃၀ အတွင်းမှာ နေရတယ်” လို့ မစ္စ ယန်ဟီးလီကို တင်ပြခဲ့ကြောင်း ကိုဇော်ဇော်က ပြောပါတယ်။

ဒီခရီးစဉ်ဟာ ယန်ဟီးလီရဲ့ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့လည်း တွေ့ဆုံခဲ့သလို စစ်တွေလေဆိပ်မှာ ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မနှစ်က ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ စမ်းသပ်အစီအစဉ်အဖြစ် ၁၉၈၂ ခုနှစ် နိုင်ငံသားစီစစ်ရာမှာ ဘဂါင်္လီအဖြစ် အမည်စာရင်းသွင်းလျှောက်ထားသူ လူ ၂ ထောင်ကျော်ကို စစ်ဆေးရာမှာ လူဦးရေ ၄၀ ကျော်နိုင်ငံသားဖြစ်ခွင့်ရပြီး ၂၀၀ ခန့်က နိုင်ငံသားပြုခွင့်ရခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013