DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးအသတ်ခံရမှု ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် စုံစမ်းမေးမြန်း
DVB
·
January 9, 2015
ကိုပါကြီးအသတ်ခံရမှု ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် စုံစမ်းမေးမြန်း
Donate to DVB

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ စစ်တပ်က ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့ အလွတ်သ တင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးအမှုနဲ့ပတ်သက်ပြီး ဇနီးသည် မသန္တာနဲ့ သူ့ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီးလီ မနေ့က တွေ့ဆုံမေးမြန်းစုံစမ်းခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ ကိုပါကြီးသေဆုံးမှုနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအထူးကိုယ်စား လှယ်အနေနဲ့ ဘယ်လိုကူညီစေချင်လဲဆိုတဲ့အချက်ကို မေးမြန်းခဲ့တယ်လို့ မသန္တာက ပြောပါ တယ်။

“ဘယ်လို အကူအညီပေးစေချင်လဲလို့ ကျမကို မေးတယ်။ ကျမတို့ဘက်က ကျမတို့လို ချင်တဲ့အရာကတော့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သတင်းထောက်တွေ အရင်တုန်းက ဖမ်းတာ ဆီးတာ အခုနောက်ပိုင်း အသက်အန္တရာယ်ပါ ရှိလာပြီ ဆိုတော့ သတင်းထောက်တွေ မီဒီယာတွေအတွက် အသက်ရှင်လုံခြုံခွင့်တွေက ထိပါးလာပြီ။ ဒီအတွက် ဆွေးနွေးစေချင်တဲ့ အကြောင်းအရာပေါ့။”

မစ္စရန်ဟီးလီရဲ့ ပထမအကြိမ် မြန်မာခရီးစဉ်တုန်းက မသန္တာအနေနဲ့ ဒီမိုကရေစီ၊ လူ့အခွင့် အရေးနဲ့ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတဦးအနေနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။

[caption id="attachment_76424" align="aligncenter" width="517"]မသန္တာ၊ မစ္စ ယန်ဟီးလီ၊ ရှေ့နေ ရောဘတ်ဆန်းအောင် (ဓာတ်ပုံ - United Nations Information Centre Yangon) မသန္တာ၊ မစ္စ ယန်ဟီးလီ၊ ရှေ့နေ ရောဘတ်ဆန်းအောင် (ဓာတ်ပုံ - United Nations Information Centre Yangon)[/caption]

“သူကျမကို တွေ့ဖို့ ချိန်းဆိုတာဟာ ကိုပါကြီးဇနီးအနေနဲ့ပေါ့နော်။ အရင်တခေါက်က တွေ့ခဲ့ဖူးတယ်ဆိုတာ ကျမသွားတွေ့တော့မှ သိသွားတာ။ အဲတော့ဒီလောက်တောင်မှ တိုက်ဆိုင်သလားဆိုပြီးတော့ အံသြသွားတယ်။ ကျမ အရင်တခေါက် ဆွေးနွေးခဲ့တုန်းက လည်း အမျိုးသမီးတွေကို စစ်တပ်က အကြမ်းဖက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြင်ပတရားရုံး ထုတ်စစ်ခြင်းမပြုတာတွေ၊ အမှုတွေက ခြိမ်းခြောက်မှုတွေနဲ့ပဲပြီးသွားတာတွေ၊ ဒါမျိုးတွေဟာ ရာဇ၀တ်မှုမဟုတ်ဘဲနဲ့ နိုင်ငံရေးရာကိစ္စဖြစ်နေတယ်ဆိုတာဆွေးနွေးခဲ့တယ်။ ဒီတခေါက်ကျတော့ ကျမယောက်ျားကိုယ်တိုင် အသတ်ခံရတော့ သူတော်တော် အံ့သြသွား တယ်” လို့ မသန္တာက ပြောပါတယ်။

မစ္စရန်ဟီးလီဟာ မနေ့တုန်းက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ အမျိုးသမီး အဖွဲ့တွေအပါအ၀င် လူထုအခြေပြုအဖွဲ့တော်တော်များများနဲ့ တွေ့ဆုံခဲ့ပါ တယ်။

ဇန်န၀ါရီ ၇ ရက်နေ့ကနေ ၁၆ ရက်အထိ ခရီးစဉ်အတွင်း ရခိုင်နဲ့ ရှမ်းပြည်နယ်က လူ့အခွင့် အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကို အဓိကထား ကောက်ခံသွားမယ်လို့ ယန်ဟီးလီက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013