DVB Logo
Home
Lead Story
တွေ့ဆုံဆွေးနွေးပွဲ ပုံသဏ္ဌာန်မျိုးဖြစ်အောင် တောင်းဆိုမယ် - ဦးခင်မောင်ဆွေ
DVB
·
January 9, 2015
တွေ့ဆုံဆွေးနွေးပွဲ ပုံသဏ္ဌာန်မျိုးဖြစ်အောင် တောင်းဆိုမယ် - ဦးခင်မောင်ဆွေ
Donate to DVB

ဇန်န၀ါရီ ၁၂ ရက်နေ့ သမတအိမ်တော်၊ငုရွှေဝါခန်းမမှာ သမ္မတနဲ့တွေ့ဆုံဖို့ ဖိတ်ကြားခံရသူတယောက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (အက်ဖ်ဒီအေ) ကိုယ်စားလှယ် ဦးခင်မောင်ဆွေက ဒီတကြိမ်တွေ့ဆုံမှုဟာ တွေ့ဆုံဆွေးနွေးပွဲ ပုံသဏ္ဌာန်မျိုးဖြစ်အောင် တိုက်တွန်းတောင်းဆိုမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းက သမ္မတနဲ့ နိုင်ငံရေးအင်အားစု ၅ စုက ကိုယ်စားလှယ် ၁၄ ယောက်တို့ တွေ့ဆုံပွဲဟာ တွေ့ဆုံထမင်းစားပွဲသက်သက်ပဲ ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက်အပေါ် သူက ခုလို တုံ့ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သမ္မတနဲ့တွေ့ဆုံပွဲတက်မယ့် ဦးခင်မောင်ဆွေကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

သမ္မတရုံးက ဖိတ်ပြန်ပြီကြားပါတယ်၊ ဒီတကြိမ် ဘယ်လိုပုံစံမျိုးနဲ့ ဖိတ်တယ်ဆိုတာ ပထမဆုံး ပြောပြပါ။

[caption id="attachment_76402" align="alignright" width="300"]U-khin-mg-swe-300x253 ဦးခင်မောင်ဆွေ[/caption]

“ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက် လုပ်ခဲ့တဲ့အဆက်ပေါ့။ သမ္မတအဆိုပြုခဲ့တဲ့ အမျိုးသားအင်အားစုအားလုံး ပါဝင်အကောင်အထည်ဖော်ဆောင် ရွက်ရေးအတွက် စုပေါင်းနည်းလမ်း ရှာဖွေရန် သမ္မတက အဆိုပြုခဲ့ပါတယ်တဲ့။ ထိုအဆိုပြုချက်များကို ဆက်လက်ဆွေးနွေးရန် နိုင်ငံရေးထိပ် သီးခေါင်းဆောင်များနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားကိုယ်စား လှယ်ခေါင်းဆောင်များ အားလုံးပါဝင်သော အစည်းအဝေးတရပ် ကျင်းပမည် ဖြစ်ပါတယ်တဲ့။ ထိုဆွေးနွေးပွဲမှာ (က) ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဖြစ်ထွန်းစေရေး၊(ခ) နိုင်ငံရေးဖြစ်စဉ်ကို အခြေခံသည့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေး၊ (ဂ) လွတ်လပ်ပြီး တရားမျှတသော ၂၀၁၅ ရွေးကောက်ပွဲများ အောင်မြင်စွာ ပြုလုပ်နိုင်ပြီး ညင်သာသော အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးနှင့် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှုများ ရရှိရေးအပါအ၀င် နိုင်ငံရေးကိစ္စရပ်များကို ဆွေးနွေးမှာ ဖြစ်ပါတယ်တဲ့။”

သမ္မတက ၆ ပွင့်ဆိုင်ကို မသွားချင်ပဲနဲ့ သူပြောပြောနေတဲ့ တိုင်းရင်းသားတွေ အပါအ၀င် အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကိုပဲ ဆက်သွားချင်တယ်ဆိုတဲ့သဘောလား၊ ဘယ်လို သုံးသပ်လို့ရမလဲ။

“သူကတော့ ၆ ပွင့်ဆိုင်လည်း နည်းပုံပေါ်တယ်ပေါ့ဗျာ။ ၁၄ ပွင့်ဆိုင် သူလုပ်ထားတာကလည်း အရာမရောက်ဘူးပေါ့ဗျာ။ ၆ ပွင့်ဆိုင်လည်း နည်းတယ်၊ ၁၄ ပွင့်ဆိုင်လည်း လက်မခံကြဘူးဆိုတဲ့အခါကျတော့ ဒီ့ထက်ကျယ်ပြန့်တဲ့ အဖွဲတွေခေါ်ပြီးတော့ နိုင်ငံရေးပြဿ နာတွေကို စုပေါင်းဖြေရှင်းမယ်ဆိုရင်တော့ အဆင်ပြေလိမ့်မယ်ဆိုတဲ့ အယူအဆပေါ်ရပ်တည်ပြီး ခေါ်တယ်ထင်တာပဲ။ အားလုံးလည်း ကျေနပ်မှုရှိပြီး အလုပ်ဖြစ်အောင် ခေါ်တယ် ထင်တာပဲ။”

ပထမအကြိမ်တွေ့ကြတော့ ဒါ တွေ့ဆုံဆွေးနွေးပွဲမဟုတ်ဘူး၊ တွေ့ဆုံ ထမင်းစားပွဲပဲ ဖြစ်တယ်ဆိုတဲ့ ဝေဖန်ချက် ထွက်ပေါ်ခဲ့ပါတယ်။ ဒီတကြိမ် တွေ့ဆုံပွဲကရော တွေ့ဆုံဆွေးနွေးပွဲ တကယ်ဖြစ်လာမယ်မှန်းလား၊ ဘယ်လို မျှော်လင့်မိလဲ။

“၁၄ ယောက်တွေ့တုန်းက ကျနော်ပြောတယ်၊ နှစ်ဘက်သဘောတူ ကြေညာချက်တစောင်ထုတ်ဖို့ ဒါပေမယ့် မလုပ်ခဲ့ဘူးဗျ. ဆွေးနွေးတဲ့ပုံစံကလည်း ကိုယ့်ဘာသာပြောကြပြီးတော့ အားလုံးပြီးသွားတဲ့အခါ သမ္မတက အပိတ်မိန့်ခွန်းပြော ပြီးတော့ ထမင်းသွားစားကြတာပဲ။ အဲ့ဒီတော့ ၁၄ ယောက်ဆွေးနွေးပွဲအပေါ် အာရုံမကျတဲ့သူတွေကတော့ ထမင်းစားဆွေးနွေးပွဲပေါ့။ ဒါကလည်း မှန်သင့်သလောက်တော့ မှန်တာပေါ့။ နှစ်ဘက်သဘောတူကြေညာချက် မထုတ်နိုင်ခဲ့တာရယ်၊ ဆုံးဖြတ်ချက်ချဖို့ မပါတဲ့ဟာရယ်ကတော့ ပြောစရာ ဖြစ်သွားတာပေါ့။ ဒီပွဲမှာတော့ ဆွေးနွေးပွဲ ပုံသဏ္ဌာန်ပေါ်ပေါက်အောင် တခုခု ထုတ်ပြန်ဖို့ ကျနော်တောင်းဆိုမယ်လို့ စဉ်းစားထားပါတယ်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင် ခြောက်ပွင့်ဆိုင်း တောင်းနေတယ်၊ သမ္မတက အခုလို အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲ ပုံသဏ္ဌာန်သွားနေတယ်၊ အဲ့ဒီတော့ ဒီနှစ်ခုကြား တစုံတရာ အဖြေထွက်ပါ့မလား။

“အဲ့ဒါကတော့ ကျနော် စောစောကပြောသလိုပဲ တွေ့ဆုံဆွေးနွေးပြီးတဲ့အခါမှာ ပူးပေါင်းပြီးတော့ စဉ်းစားထားတဲ့ အဖြေတခု ပြည်သူကို ထုတ်ပြဖို့တော့ လိုတယ်လေ။ ထုတ်မပြရင်တော့ တွေ့ဆုံထမင်းစားပွဲ သက်သက်ပဲလို့ ပြောတာခံရဦးမှာပေါ့။ အမှန်တော့ သမ္မတဘက်က တွေ့ဆုံမယ်ဆိုပြီးတော့ ခေါင်းစဉ်တပ်ထားတဲ့ကိတွေက နိုင်ငံရေးကိစ္စရပ်တွေချည်းပဲလေ။ ဆွေးနွေးကြတဲ့အခါ အပြန်အလှန်ဆွေးနွေးခွင့်တွေ ပေးရမယ်။ ပြီးတဲ့အခါ စုပေါင်းပြီးတော့ ဘုံသဘောတူညီချက် တချက် နှစ်ချက် သုံးချက်ပေါ့ စသဖြင့် ထုတ်ပြန်လိုက်မယ်ဆိုရင် အရာရောက်လိမ့်မယ်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တောင်းတဲ့ကိစ္စကို မပေးတာတော့ ကျနော်နဲ့တော့ မဆိုင်ဘူးလေ။ လွှတ်တော်နဲ့ အစိုးရအဖွဲ့ရဲ့ ကိစ္စတွေပဲလေ။ ဒါကို ကျနော် မဝေဖန်လိုပါဘူး။ ဒေါ်စုတောင်းတာလည်း သူ့စိတ်ကူးနဲ့သူ တောင်းတာပဲလေ။ ဒီ့ထက်ပို ကျယ်ကျယ်ပြန့်ပြန့်ပြောချင်တဲ့ သူတွေကလည်းပဲ တောင်းတာပဲလေ။ တိုင်းရင်းသားလူမျိုး ၈ မျိုးစလုံး ပါရမယ်ဆိုတဲ့ကိစ္စကလည်း ငြင်းပယ်လို့ မရတဲ့ကိစ္စ ဖြစ်နေလေတော့ ၄ ဦးတည်း၊ ၆ ဦးတည်းနဲ့ ပြီးမယ့်ကိစ္စ ဟုတ်သလား၊ မဟုတ်ဘူးလား။ တိုင်းရင်းသားတွေ မပါဘဲနဲ့ ပြည်ထောင်စုတခု ထူထောင်လို့ ရမလားဆိုတဲ့ အခြေခံအချက်အပေါ် စဉ်းစားမယ်ဆိုရင်တော့ နိုင်ငံရေးသဘာဝကျတဲ့ဘက်ကိုပဲ ကျနော်တို့က လက်ခံရမှာပဲလေ။”

တခုက အန်အယ်လ်တို့ အခုတကြိမ်တွေ့ဆုံမှာ တိုင်းရင်းသားထိပ်သီးခေါင်းဆောင်တွေ၊ တိုင်းရင်းသားဝန်ကြီးတွေလည်း ပါလာဦးမယ်ဆိုတော့ကာ ငသိုင်းများ ဟင်းဟုန် ဆိုတာမျိုး ဖြစ်မသွားနိုင်ဘူးလား။

“ဖြစ်နိုင်တာပေါ့၊ လူများပြီး ပွဲမစည် ဖြစ်နိုင်တာပဲ။ လူများပြီးတော့ ပွဲမစည်တာကို ပွဲစည်အောင် ဘုံသဘောတူညီချက်တွေ ချနိုင်ဖို့ ကြိုးစားဖို့ လိုပါမယ်။ အဲ့ဒါတွေမပါဘဲနဲ့ ဆိုရင်တော့ ခင်ဗျား ပြောသလို ငါးသိုင်းများ ဟင်းဟုန်ပြီးတော့ကာ လူများပြီး ပွဲမစည် ဖြစ်သွားနိုင်ပါတယ်။

နောက်ဆုံးမေးခွန်းပါ၊ ဒီတကြိမ်ဆွေးနွေးပွဲမှာ အန်ကယ် ဘာဆွေးနွေးဖို့ ပြင်ထားပါသလဲ။

“ပေးထားချက်ကတော့ ၃ ခုပါတယ်။ ၃ ခုစလုံးကို ထိတွေ့ပြီး ဆွေးနွေးသွားမှာပါ။ ဒါပေမယ့် ကျနော့်အာရုံကတော့ ပြည်တွင်းငြိမ်းချမ်းရေးမှာ ပိုများပါတယ်။”
ပထမအကြိမ် သမ္မတနဲ့ နိုင်ငံရေးအင်အားစု ၅စုက ကိုယ်စားလှယ် ၁၄ ယောက် တွေ့ဆုံခဲ့တုန်းကတော့ တယောက်ကို ၁၀ မိနစ်ပဲ တင်ပြခွင့်ရခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013