DVB Logo
Home
မြန်မာသတင်း
သမ္မတက နိုင်ငံရေးပါတီခေါင်းဆောင်အချို့ကို ဆွေးနွေးရန် သီးသန့်ဖိတ်ကြား
DVB
·
January 9, 2015
သမ္မတက နိုင်ငံရေးပါတီခေါင်းဆောင်အချို့ကို ဆွေးနွေးရန် သီးသန့်ဖိတ်ကြား
Donate to DVB

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲကိစ္စကို ဆွေးနွေးဖို့အတွက် နိုင်ငံတော်သမ္မတက နိုင်ငံရေးပါတီခေါင်းဆောင်တွေကို သီးသန့်ရွေးချယ်ဖိတ်ကြားပါတယ်။

ဒီဖိတ်ကြားမှုမှာ ၂၀၁၄ ခုနှစ် အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ နိုင်ငံရေးအင်အားစုက ပါတီခေါင်းဆောင် ၁၄ ဦးအပြင် ထပ်မံတိုးချဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီးတွေနဲ့ တိုင်းရင်း သားကိုယ်စားလှယ်ခေါင်းဆောင်တွေပါ လိပ်မူဖိတ်ကြားခဲ့တာဖြစ်ပြီး နေပြည်တော် သမ္မတအိမ်တော်မှာ ဇန်န၀ါရီ ၁၂ ရက် တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ် (အက်ဖ်ဒီအေ) ကိုယ်စား လှယ်အဖြစ် ဖိတ်ကြားခံရသူ ဦးခင်မောင်ဆွေက ဒီတွေ့ဆုံပွဲဟာ အောက်တိုဘာ တွေ့ဆုံပွဲရဲ့အဆက်ဖြစ်တယ်လို့ ပြောပါတယ်။

u thein sein copy“(က) ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဖြစ်ထွန်းစေရေး၊ (ခ) နိုင်ငံရေးဖြစ်စဉ်ကို အခြေခံသည့် အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး ဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပနိုင်ရေး၊ (ဂ) လွတ်လပ်ပြီး တရားမျှတသော ၂၀၁၅ ရွေးကောက်ပွဲ များ အောင်မြင်စွာ ပြုလုပ်နိုင်ပြီး ညင်သာသော အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များ ပေါ်ပေါက်လာရေးနှင့် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှုများ ရရှိရေးအပါအ၀င် နိုင်ငံရေးကိစ္စရပ်များကို ဆွေးနွေးမှာ ဖြစ်ပါတယ်တဲ့။”

ဒီတကြိမ်တွေ့ဆုံပွဲကျရင် ပူးတွဲသဘောတူကြေညာချက်တစောင် ထုတ်ပြန်ဖို့ တောင်း ဆိုမယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ပထမအကြိမ်တွေ့ဆုံမှုမှာ နှစ်ဘက်သဘောတူညီချက် မထုတ်ပြန်နိုင်တာရယ်၊ ဆုံးဖြတ်ချက်ချဖို့ မပါတဲ့ဟာကတော့ ပြောစရာဖြစ်သွားတာပေါ့။ ဒီတကြိမ်ပွဲမှာ ကျနော်ထင်တာကတော့ ဆွေးနွေးပွဲပုံသဏ္ဌာန်ပေါ်ပေါက်အောင် တခုခုထုတ်ပြန်ဖို့ တောင်းဆိုမယ်လို့ စဉ်းစားထားပါတယ်။”

နိုင်ငံတော်သမ္မတရဲ့ ပထမအကြိမ် အောက်တိုဘာလ တွေ့ဆုံပွဲတုန်းက ဒေါ်အောင် ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးခင်မောင်ဆွေ၊ စိုင်းအိုက်ပေါင်းအပါအ၀င် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ သမ္မတနဲ့ ဒုတိယသမ္မ ၂ ဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပုဂ္ဂိုလ်တွေ ဖိတ်ကြားခဲ့ပါတယ်။ ဒီတကြိမ်တွေ့ဆုံပွဲမှာတော့ အောက်တိုဘာ တွေ့ဆုံပွဲတုန်း က ဖိတ်ကြားမခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီခေါင်းဆောင် ဦးအေးသာအောင်ကို ထည့်သွင်း ဖိတ်ကြားခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးစိုင်းလိတ်က “ကျနော်တို့ပါတီ ဆိုတာထက် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) ကိုယ်စား ဦးခွန်ထွန်းဦးကို ဖိတ်တာပါခင်ဗျ။ ဒါပေမယ့် အရင်ကမပါတဲ့ တိုင်းရင်းသားဝန်ကြီးတွေပါ ပါပါတယ်။ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တွေ အကုန်လုံး နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံပြီး ဆွေးနွေးမယ်လို့ ပြောထားပေမယ့် ငြိမ်းချမ်းရေး အဖွဲ့ အစည်းက ပုဂ္ဂိုလ်တွေကို မေးကြည့်တော့ သူတို့ဖိတ်ကြားခံရခြင်းမရှိဘူးလို့ ပြောပါတယ်” လို့ ဆိုပါတယ်။

ပထမတကြိမ်  အောက်တိုဘာလတွေ့ဆုံပွဲမှာ  ၁၄ ဦး တက်ရောက်စဉ်က ပုဂ္ဂိုလ်တဦးကို ၁၀ မိနစ်စီသာ ပြောဆိုခွင့်သတ်မှတ်တာကြောင့် အပြန်အလှန် ဆွေးနွေး ကြတာမဟုတ်ဘူးလို့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီတကြိမ်မှာ ပထမအကြိမ်ထက် လူဦးရေ ပိုမိုများပြားတာကြောင့် ဘယ်လိုဘယ်ပုံအချိန်ယူ ဆွေးနွေးကြမယ်ဆိုတာကို မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး  အပါအ၀င် မြန်မာ့နိုင်ငံရေးအကျပ်အတည်း  တွေကို ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုပြုချက်ထွက်ပေါ်ပြီး လအတန်အကြာမှာ သမ္မတက ၁၄ ပွင့်ဆိုင် တွေ့ဆုံပွဲကျင်း ပခဲ့ပါတယ်။

ဒီနောက် ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကတော့ ၁၂ ပွင့်ဆိုင် တွေ့ဆုံရေး ဆုံးဖြတ်တောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013