DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်း ဒဏ်ရာရသူများကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါ်ယူမေးမြန်း
DVB
·
January 8, 2015
Donate to DVB

လက်ပံတောင်းတောင်ဒေသ အဓိကရုဏ်းအတွင်း ဒဏ်ရာရရှိသူတွေကို တိုင်းဒေသကြီးအစိုးရရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒီကနေ့ ခေါ်ယူမေးမြန်းပါတယ်။

အဓိကရုဏ်းဖြစ်စဉ်အတွင်း ဒဏ်ရာခဲ့သူတွေကို ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ တဦးချင်း မေးမြန်းတာဖြစ်ပါတယ်။

[caption id="attachment_76370" align="aligncenter" width="541"]ပဋိပက္ခဖြစ်ပွားစဉ်က ပဋိပက္ခဖြစ်ပွားစဉ်က[/caption]

မေးမြန်းခံရသူ ရွာသူ ဒေါ်ဖြူက  “သူတို့က ဘာတွေမြင်လို့ ဘာတွေလုပ်ထားတုန်း မေးတာ။ ဘာတွေ လုပ်စားကိုင်စားလဲဆိုတော မေးတာ။ အဲဒီနေ့ကတော့ ခရမ်းချဉ်သီးသွားကောက်တာကနေ ပြန်လာတာ။ သူတို့ ရုန်းရင်းဆန်ခတ်နဲ့ သံဆူးကြိုးခတ်တယ်ဆိုပြီး ၀င်တားကြတာ။ သူတို့ရဲတွေဘက်က တရုတ်တွေဘက်ကို ကာကွယ်ပေးပြီး ဘတ်ခွ (လေးခွ) နဲ့ ပစ်လို့ ဒဏ်ရာရခဲ့တာပါ။ နောက်သူတို့က ဒီဟာကြီးကို ဖျက်သိမ်းတာ ကြိုက်သလား၊ မဖျက်သိမ်းတာကြိုက်သလားလို့ မေးတယ်။ ကျမကတော့ ဖျက်သိမ်းတာကြိုက်တယ်လို့ ပြန်ဖြေတယ်။”

ဒီဇင်ဘာ ၂၂ ရက်နေ့ အဓိကရုဏ်းအတွင်း လေးခွထိမှန်ခဲ့တဲ့ ကိုစိုးနိုင်ဝင်းက မသက်သာသေးဘူးလို့ ပြောပါတယ်။

“ကျနော်က လေးခွနဲ့ မျက်လုံးမှာ ဒဏ်ရာရတာ။ အခုထက်ထိ ဝေေ၀၀ါးဝါးပဲမြင်ရတယ်။”

ဒီဇင်ဘာ ၂၄ ရက်နေ့က ဖွဲ့တဲ့ ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့မှာ စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရရုံး ညွှန်ကြားရေးမှူး ဦးကျော်သူအောင်၊ ခရိုင်ဥပဒေအရာရှိနဲ့ ဒုရဲမှူးကြီးတဦးတို့ ပါဝင်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းက ရဲတပ်ဖွဲ့နဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကလည်း ရွာသားတွေကို သီးခြားစီ ခေါ်ယူမေးမြန်းခဲ့ပါသေးတယ်။

မနှစ်ဒီဇင်ဘာလ ၂၂ ရက်နေ့က လျော်ကြေးမယူတဲ့ မြေယာတွေပေါ်မှာ ၀မ်ပေါင် ကုမ္ပဏီက ခြံစည်းရိုးခတ်တဲ့အတွက် ဒေသခံတွေနဲ့ ပဋိပက္ခဖြစ်ပွားပြီး ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဒေါ်ခင်ဝင်းသေဆုံးခဲ့ပြီး ဒေသခံ ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

ဇန်န၀ါရီလ ၅ ရက်နေ့က ဆားလင်းကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဒေါ်ခင်ဝင်းရဲ့သမီး မ၀င်းခိုင်ကို ခေါ်ယူပြီး လျော်ကြေးပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ ဒီကမ်းလှမ်းချက်ကို မ၀င်းခိုင်က ငြင်းပယ်ခဲ့ပါတယ်။

မ၀င်းခိုင်က “အစိုးရဘက်က လျော်ကြေးပေးရင်ယူမလားလို့ ကျမကိုမေးပါတယ်။ ကျမအနေနဲ့ကတော့ မယူနိုင်ဘူးပါဘူး။ အဲလို လျော်ကြေးပေးစတမ်းဆိုရင် ကျမအမေကို သတ်တဲ့တရားခံကို ခေါ်ပေးပါ။ ကျမကိုယ်တိုင် သတ်ပြီး လျော်ကြေးလည်းပေးမယ်လို့ ပြောလိုက်ပါတယ်ရှင်။ သူတို့ကတော့ ယူယူ မယူယူ အစိုးရကတော့ ပေးမှာပဲလို့ ပြောသွား ပါတယ်။”

သူ့အနေနဲ့ မိခင်သေဆုံးမှုကို ဥပဒေအရ အရေးယူပေးဖို့သာ လိုလားကြောင်းလည်း ဒီဗွီဘီကို ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွေ့ဆုံစဉ်မှာ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးက ဒီကိစ္စကို စုံစမ်းရေးက်ာမရှင် အစီရင်ခံစာထွက်လာပြီးမှ အမြန်ဆုံးဖြေရှင်းမှာဖြစ်ပြီး နှစ်ပတ်အတွင်း ဖြေရှင်းပါ့မယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013